အချက်များကိုသိပြီးစစ်ဆေးခြင်းအောင်ကြရအောင်!အကြွေးဝယ်ကတ်ပြုလုပ်နည်း

အချက်များကိုသိပြီးစစ်ဆေးခြင်းအောင်ကြရအောင်!အကြွေးဝယ်ကတ်ပြုလုပ်နည်း

အကြွေးဝယ်ကတ်ဆိုသည်မှာနေ့စဉ်စျေးဝယ်ခြင်းနှင့်လစဉ်မိုဘိုင်းဖုန်းငွေပေးချေခြင်းကဲ့သို့သောအခြေအနေအမျိုးမျိုးတွင်အသုံးပြုနိုင်သောကြောင့်အဆင်ပြေပါသည်။ထို့ပြင်အွန်လိုင်းမှစျေးဝယ်ခြင်း၊ဟိုတယ်သို့မဟုတ်လေယာဉ်လက်မှတ်များကြိုတင်မှာယူခြင်းကဲ့သို့သောအရာများစွာကိုပြုလုပ်လျှင်ခရက်ဒစ်ကတ်မရှိလျှင်အဆင်မပြေနိုင်ပါ။နိုင်ငံရပ်ခြားမှသယ်ယူလာသောကတ်များသည်လဲလှယ်ခကျသင့်မည်ဖြစ်ပြီးဂျပန်တွင်ပြုလုပ်သောခရက်ဒစ်ဖြင့်ပေးချေခြင်းထက်ပိုမိုစျေးကြီးမည်ဖြစ်သည်။ထို့ကြောင့်မိမိနိုင်ငံမှပါလာသောကတ်ရှိသူများလဲဂျပန်

တွင်ခရက်ဒစ်ကတ်ပြုလုပ်ရန်အကြံပေးချင်ပါသည်။သို့သော်လည်းခရက်ဒစ်ကတ်ပြုလုပ်ရန်

အတွက်စစ်ဆေးခြင်းများလိုအပ်ပြီးအချို့နေရာများတွင်တင်းကျပ်သောစစ်ဆေးခြင်းများရှိပါ

သောကြောင့်သတိပြုရန်လိုပါသည်။ယခုအခါတွင်ခရက်ဒစ်ကတ်ပြုလုပ်ပုံနှင့်စစ်ဆေးခြင်း

တွင်အဆင်ပြေချောမွေ့စေရန်နည်းလမ်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

 

ခရက်ဒစ်ပြုလုပ်ရာတွင်လိုအပ်သောအရာများ

  • နေထိုင်ခွင့်ကတ်
  • ဂျပန်ပြည်တွင်းဘဏ်အကောင့်
  • ဖုန်းနံပါတ်
  • နေထိုင်ခွင့်ကတ်

ခရက်ဒစ်ကတ်ပြုလုပ်ရန်ဂျပန်တွင်၃လနှင့်အထက်နေထိုင်ရန်ရည်ရွယ်ထားဖို့လိုပါသည်။နေထိုင်ခွင့်ကတ်များသည်၃လနှင့်အထက်နေထိုင်သူများကိုသာထုတ်ပေးသောကြောင့်၃လပို၍နေထိုင်ကြောင်းအထောက်အထားဖြစ်ပါလိမ့်မည်။ထို့အပြင်သင်၏အထောက်အထားကိုအတည်ပြုရန်နေထိုင်ခွင့်ကတ်လည်းလိုပါ

လိမ့်မည်။

  • ဂျပန်ပြည်တွင်းဘဏ်အကောင့်

သင့်ခရက်ဒစ်ကတ်ဖြင့်သုံးစွဲခဲ့သောငွေပမာဏကိုထုတ်ယူရန်အတွက်ဂျပန်နိုင်ငံရှိဘဏ်အကောင့်တခုလို

အပ်မည်ဖြစ်သည်။

  • ဖုန်းနံပါတ်

ခရက်ဒစ်ကတ်ပြုလုပ်သည့်အခါတခုခုဖြစ်ခဲ့ပါကကတ်ကုမ္ပဏီမှသင့်ထံဆက်သွယ်နိုင်ရန်ဖုန်းနံပါတ်(ဆက်သွယ်ရန်အချက်အလက်)လိုအပ်ပါသည်။

စစ်ဆေးမှုချောမွေ့စေရန်အတွက်

ခရက်ဒစ်ကတ်သည်လိုအပ်သောစာရွက်စာတမ်းများကိုပြင်ဆင်ရုံမျှဖြင့်အကြွေးဝယ်ကတ်တခုမရနိုင်ပါ။

ခရက်ဒစ်ကတ်ကုမ္ပဏီသည်သင့်အကောင့်မှငွေများကိုမှန်ကန်စွာထုတ်ယူနိုင်ခြင်းရှိမရှိ၊သင်သည်သံသယရှိသူဟုတ်မဟုတ်၊သင့်ဝင်ငွေလုံလောက်မှုရှိမရှိစစ်ဆေးမည်ဖြစ်သည်။ထို့ကြောင့်စစ်ဆေးမှုပိုမိုလွယ်ကူစေရန်

အောက်ပါအချက်များကိုဖော်ပြသွားပါမည်။

 

  • အထောက်အထားစိစစ်ခြင်းစာရွက်စာတမ်းကိုအများအပြားပြင်ဆင်ပါ

အကြွေးဝယ်ကတ်တခုရရှိရန်သက်သေခံစာရွက်စာတမ်းအမျိုးအစားနှစ်မျိုးလိုအပ်ပါသည်။

သက်သေခံအထောက်အထားစာရွက်များမှာနေထိုင်ခွင့်ကတ်အပြင်၊ပတ်စပို့၊ကျန်းမာ‌ရေးအာမခံ၊

ယဉ်မောင်းလိုင်စင်၊လူမှုအာမခံပရီမီယံကြေးများစသည်တို့အပြင်ဘေလ်စာရွက်များလည်းအကျုံးဝင်ပါ

သည်။ယာဉ်မောင်းလိုင်စင်နှင့်လူမှုအာမခံပရီမီယံပြေစာသည်သင်သည်ဂျပန်နေထိုင်ကြောင်းသက်သေ

အထောက်အထားဖြစ်ပြီးစစ်ဆေးမှုအတွက်အဆင်ပြေချောမွေ့စေပါသည်။

  • နေထိုင်ခွင့်သက်တမ်းကြာမြင့်စွာကျန်ရှိနေရန်

 

နေထိုင်ခွင့်သက်တမ်းသည်နှစ်တဝက်၊လအနည်းငယ်စသဖြင့်အချိန်ကာလတိုတောင်းသော်အခက်အခဲ

ဖြစ်ပါလိမ့်မည်။ကတ်ကုမ္ပဏီအနေဖြင့်အသုံးပြုထားသောပမာဏကိုပြန်လည်ပေးဆောင်နိုင်ခြင်းရှိမရှိ

စိုးရိမ်သောကြောင့်ဖြစ်သည်။

 

  • ဝင်ငွေကိုသက်သေပြနိုင်သောစာရွက်စာတမ်းများကိုပြင်ဆင်ပါ

ခရက်ဒစ်ကတ်ပြုလုပ်ရာတွင်ကတ်ကုမ္ပဏီအနေဖြင့်သင့်တွင်လုံလောက်သောဝင်ငွေရှိမရှိကိုအလေးပေးပါ

သည်။အဘယ်ကြောင့်ဆိုသော်ချေးထားသောငွေကိုပြန်လည်မဆပ်နိုင်ပါကအဆင်ပြေနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ထို့ကြောင့်ဝင်ငွေအထောက်အထားကိုပြနိုင်ပါကအဆင်ပြေပါလိမ့်မည်။အချိန်ပိုင်းအလုပ်

လစာအထောက်အထားစာရွက်လည်းအဆင်ပြေပါသည်။မကြာသေးမှီကမှဂျပန်သို့ရောက်ရှိလာ၍လတ်တလောဝင်ငွေမရှိပါသေးပါကမိမိနိုင်ငံ၏ဘဏ်မှဂျပန်ဘဏ်အကောင့်သို့ငွေလွှဲပြီးဂျပန်ဘဏ်မှလက်ကျန်ငွေအထောက်အထားစာရွက်ကိုပြင်ဆင်ထားပါ။

နိုင်ငံခြားသားများအတွက်အကြံပြုသောခရက်ဒစ်ကတ်များ

ဘဏ်ကြီးများမှထုတ်ပေးသောအကြွေးဝယ်ကတ်များသည်အများသောအားဖြင့်တင်းကျပ်သောစစ်ဆေးမှုများရှိသည်။နိုင်ငံခြားသားများအတွက်အကြံပြုလိုသောခရစ်ဒစ်ကတ်များကိုမိတ်ဆက်ပေးသွားပါမည်။

  • ပြည်တွင်းဘဏ်များနှင့်ဂျပန်စာတိုက်ဘဏ်

ပြည်တွင်းဘဏ်များနှင့်ဂျပန်စာတိုက်ဘဏ်သည်နိုင်ငံခြားသားများအတွက်အဆင်ပြေပြီးခရစ်ဒစ်ကတ်ရဲ့စစ်ဆေးခြင်းမှာလဲအတော်လွယ်ကူပါသည်။စာတိုက်ဘဏ်ရဲ့ခရက်ဒစ်ကတ်သည်ငွေထုတ်သည့်ကတ်ဖြင့်ပေါင်း

စပ်ထားပြီးအသက်၂၀နှင့်အထက်ရှိပြီးသူများလျှောက်ထားနိုင်ပါသည်။နှစ်စဥ်အခကြေးရှိသော်လည်းဤ

ကတ်ဖြင့်သင်၏‌ရေ၊မီးဘေလ်များကိုပေးဆောင်ပါကနှစ်စဥ်ကြေးပေးဆောင်ရန်မလိုပါ။

  • Rakuten ကတ်

Rakuten ကတ်သည်အင်တာနက်မှလွယ်ကူစွာလျှောက်ထားနိုင်ပြီးနိုင်ငံခြားသားများလည်းပဲစစ်ဆေးမှု

လွယ်ကူပါသည်။အင်တာနက်မှလျှောက်ပြီးနောက်သင့်လုပ်ငန်းခွင်သို့ဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိမည်ဖြစ်ပြီး

သင်သည်ကုမ္ပဏီနှင့်ချိတ်ဆက်ထားကြောင်းအတည်ပြုပါကအများအားဖြင့်ကတ်ထုတ်ပေးပါသည်။

  • စူပါမားကတ်နှင့်ကွန်ဘီနီခရက်ဒစ်ကတ်

စူပါမားကတ်နှင့်ကွန်ဘီနီမှခရက်ဒစ်များသည်စိစစ်မှုလုပ်ငန်းစဥ်သည်လွယ်ကူအဆင်ပြေပါသည်။

ကွန်ဘီနီမှခရက်ဒစ်ကတ်ကိုအသုံးပြု၍ထိုဆိုင်တွင်စျေးဝယ်ပါကပွိင့်(အမှတ်)ကိုရရှိနိုင်မည်ဖြစ်သည်။

ထို့အတူစူပါမားကတ်မှခရက်ဒစ်ကတ်ထဲတွင်Ieonကတ်သည်လူသိများသည်။Ieonကတ်သည်အပလီကေးရှင်းဖြင့်ချိတ်ဆက်ထားပါကကူပွန်များလည်းလက်ခံရရှိနိုင်ပြီးလျှော့စျေးဖြင့်ဝယ်ယူနိုင်ပါသည်။

  • စျေးဝယ်စင်တာများမှခရက်ဒစ်ကတ်

စျေးဝယ်စင်တာများမှခရက်ဒစ်ကတ်ကိုပြုလုပ်ပါကအထူးအကျိုးခံစားခွင့်များရရှိနိုင်သည့်ပရိုမိုးရှင်းများရှိသည်။Mitsui Shopping Mall(LaLa port နှင့်Outlet Mall)မှ Mitsui Shopping Mallကတ်

ရှိပြီးကတ်ပြုလုပ်ချိန်တွင်ပွိုင့်ပေးခြင်းပရိုမိုးရှင်းများလည်းရှိပါသည်။စျေးဝယ်စင်တာအတွင်းရှိကျယ်ဝန်းသောနေရာလွတ်တွင်လျှောက်ရန်ဆိုင်ရှိပါသည်။

 စစ်ဆေးမှုမအောင်ခဲ့သည်ရှိသော်

အမျိုးမျိုးသောခရက်ဒစ်ကတ်ကုမ္ပဏီကိုလျှောက်သော်လည်းစစ်ဆေးမှုမအောင်မြင်ခဲ့သော်ဒက်ဘစ်ကတ်ကိုအသုံးပြုရန်စဥ်းစားပါ။VISAရဲ့ဒက်ဘစ်ကတ်သည်ခရက်ဒစ်ကတ်နည်းတူအသုံးပြုနိုင်သော်လည်းခရက်

ဒစ်ကတ်ကဲ့သို့စစ်ဆေးမှုမရှိပါ။

 

သင်ဘယ်လိုထင်ပါလဲ?ခရက်ဒစ်ကတ်၏စစ်ဆေးမှုသည်ခက်ခဲသော်လည်းငွေပေးချေမှုအမျိုးမျိုး

အတွက်သုံးနိုင်သောကြောင့်အဆင်ပြေပါသည်။စစ်ဆေးမှုလွယ်ကူစေရန်အချက်များနှင့်နိုင်ငံခြားသားများအတွက်လွယ်ကူစွာပြုလုပ်နိုင်သောကတ်များကိုသိရှိပြီးခရက်ဒစ်ကတ်ကိုရအောင်လုပ်ကြပါစို့။