လွယ်ပါတယ်!ဂက်စ်စရိတ်ချွေတာရန်နည်းလမ်း၄ချက်
2025.04.16

ဤစာမျက်နှာ၏ဂျပန်စာကိုနားလည်ရန်ခက်ခဲပါက၊လွယ်ကူသောဂျပန်စာ၏စာမျက်နှာကိုကြည့်နိုင်ပါသည်။
https://social-b.net/baiyu/easy_jp/gas20220424ejp/
- မေး။ ဂက်စ်စရိတ်ချွေတာချင်ပါတယ်၊လွယ်ကူသောနည်းလမ်းရှိပါသလား?
- ဖြေ။ ရေချိုးခန်း၊မီးဖိုချောင်၏ဂတ်စ်သုံးစွဲခြင်းကိုလျှော့ချခြင်း၊ဂတ်စ်ပေးသောကုမ္ပဏီနှင့်ချုပ် ဆိုထားသောစာချုပ်ကိုပြန်လည်စစ်ဆေးခြင်းဖြင့်ချွေတာနိုင်ပါသည်။ဒီတခါမှာတော့ဂတ်စ်စရိတ်ချွေတာနိုင်ရန်နည်းလမ်းများကိုမိတ်ဆက်ပေးသွားပါမည်။
ဂတ်စ်စရိတ်ချွေတာရန်နည်းလမ်း
1.ရေချိုးခန်းတွင်အသုံးပြုသောဂတ်စ်ပမာဏကိုလျှော့ချရပါမည်။
2.မီးဖိုချောင်တွင်အသုံးပြုသောဂတ်စ်ပမာဏကိုလျှော့ချရပါမည်။
3.စာချုပ်ကိုပြန်လည်ပြင်ဆင်ရပါမည်။
4.ငွေပေးချေမှုနည်းလမ်းကိုပြောင်းလဲရမည်။
1.ရေချိုးခန်းတွင်အသုံးပြုသောဂတ်စ်ကိုလျှော့ချရန်
ရေချိုးခန်းတွင်ရေပူဖြင့်ချိုးသောအခါဂတ်စ်ကိုအသုံးပြုပါသည်။ရေပူ၏ပမာဏနွေးရန်အကြိမ်ကိုလျှော့ချခြင်းဖြင့်ဂတ်စ်ကိုအသုံးပြုရန်အမာဏကိုလျှော့ချနိုင်ပါသည်။ကောင်းပါပြီ ၊ဒါဆိုရင်အသေးစိတ်နည်းလမ်းကိုမိတ်ဆက်ပေးသွားပါမည်။
ရေပန်းမှရေထွက်ရန်အချိန်ကိုတိုအောင်လုပ်ရပါမည်။
ရေပန်းကိုအသုံးပြုသည့်အခါလိုအပ်သည့်အချိန်တွင်လိုအပ်သလောက်ကိုသာအသုံးပြုရန်။
ရေပူအပူချိန်ကိုချိန်ညှိရပါမည်။
ရေပူ၏အပူချိန်မြင့်မားပါကဂတ်စ်အသုံးပြုမှုပိုမိုများပါသည်။ရေပူ၏အပူချိန်ကိုနိမ့်သောအပူချိန်သို့ချိန်ညှိထားပါကသင့်တော်ပါသည်။
ရေကိုချွေတာခြင်းလုပ်ဆောင်ချက်ပေးသည့်ရေပိုက်ခေါင်းကိုအသုံးပြုခြင်း
ရေကိုချွေတာခြင်းလုပ်ဆောင်ချက်ပေးသည့်ရေပိုက်ခေါင်းကိုဝယ်၍ရေချိုးခန်း၏ပိုက်ခေါင်းတွင်
ပြောင်းလဲတပ်ဆင်ကြည့်ပါ။
နဂိုတပ်ဆင်ထားသောရေပိုက်ခေါင်း၏အပေါက်ထက်ပိုမိုသေးငယ်သောကြောင့်အသုံးပြုသောရေနွေး၏ပမာဏမှာနည်းလာသောကြောင့်ဂတ်စ်စရိတ်ကိုချွေတာနိုင်ပါမည်။ရေကိုလည်းချွေတာနိုင်ပါမည်။
မီးဖိုချောင်တွင်အသုံးပြုသောဂတ်စ်ကိုချွေတာခြင်း
မီးဖိုချောင်တွင်မီးဖြင့်ချက်ပြုတ်ခြင်း၊ရေနွေးကိုအသုံးပြုသည့်အခါတွင်ဂတ်စ်ကိုအသုံးပြုပါသည်။
အိုးကြီး၊ဖိအားပေါင်းအိုး၊အပူဓါတ်ထိန်းပေးသောအိုးကိုအသုံးပြုရန်
အိုးကြီးသည်အပူချိန်ကိုထိရောက်စွာအသုံးပြုနိုင်သောကြောင့်ဂတ်စ်ကိုချွေတာနိုင်ပါသည်။ထို့ပြင်အ
ချိန်တိုအတွင်းချက်ပြုတ်နိုင်သောဖိအားပေါင်းအိုး၊အပူချိန်မလျှော့စေရန်အပူထိန်းပေးသောအိုးသည်
ဂတ်စ်ပမာဏအသုံးပြုမှုကိုလျှော့ချနိုင်သောကြောင့်အသုံးပြုရန်အကြံပေးလိုပါသည်။
→<<圧力鍋を探してみましょう>>
→<<保温鍋を探してみましょう>>
→<<圧力鍋を探してみましょう>>
→<<保温鍋を探してみましょう>>
ပန်းကန်များကိုရေဇလုံထဲတွင်ဆေးကြောပါ
ရေဇလုံထဲသို့ဆပ်ပြာဖြင့်ရေကိုထည့်၍ထိုအထဲတွင်ပန်းကန်များကိုဆေးကြောပါကအချိန်တိုအတွင်းဆေးကြောနိုင်ပြီးအသုံးပြုရမည့်ဂတ်စ်၊ရေအနည်းဖြင့်သာပြီးဆုံးပါလိမ့်မည်။ထိုကဲ့သို့ဆေးကြောခြင်းကိုစိမ်ပြီးရေဆေးချခြင်းဟုဆိုလိုပါမည်။
ဟင်းကိုတကြိမ်တွင်များများချက်ပါ။(ကြိုတင်ပြင်ဆင်ထားပါ)
ဟင်းနည်းနည်းကိုအကြိမ်များများချက်ခြင်းထက်တစ်ကြိမ်တွင်များများချက်ခြင်းသည်အသုံးပြုရမည့်
ဂတ်စ်ပမာဏကိုလျှော့နည်းစေမည်ဖြစ်သည်။တစ်ကြိမ်တွင်ဟင်းကိုများများချက်၍ရေခဲသေတ္တာထဲ
တွင်အအေးခံခြင်း၊ရေခဲသောနေရာတွင်ထည့်၍ထားရပါမည်။ဤအရာကိုကြိုတင်ပြင်ဆင်ခြင်းဟုခေါ်ပါသည်။
3.စာချုပ်ကိုပြန်လည်ပြင်ဆင်ပါ
ဂတ်စ်၏စာချုပ်ကိုပြန်လည်သုံးသပ်ပါ
ဂတ်စ်ကုမ္ပဏီ၊အခကြေးအစီအစဥ်ကိုပြန်လည်သုံးသပ်ပါကဂတ်စ်စရိတ်သက်သာလာသည့်အခါများလည်းရှိပါသည်။
လျှပ်စစ်၊ဂတ်စ်၏အစုံလိုက်အစီအစဥ်သို့ပြောင်းပါ။
လျှပ်စစ်နှင့်အစုံလိုက်စာချုပ်ချုပ်ဆိုပါကလျှော့စျေးအစီအစဥ်ရှိသောကုမ္ပဏီများလည်းရှိပါသည်။
မြို့တွင်းဂတ်စ်ကိုရွေးချယ်ပါ။
ပရိုပိန်းဂတ်စ်ထက်မြို့တွင်းဂတ်စ်ကပုံမှန်အားဖြင့်စျေးသက်သာပါသည်။
4.ငွေပေးချေခြင်းနည်းလမ်းကိုပြောင်းပါ
ဘဏ်အကောင့်မှပေးချေပါကစျေးလျှော့ပေးသည့်အခါများလည်းရှိပါသည်။အကြွေးဝယ်ကတ်ဖြင့်ပေးချေပါကပွိုင့်များရရှိနိုင်သောကြောင့်ပိုမိုစျေးသက်သာသည့်နည်းလမ်းများကိုရွေးချယ်ကြပါစို့။