အသုံးဝင်သောအချက်အလက်များ

ဆောင်းရာသီမှာ ဓာတ်လိုက်ရတဲ့အကြောင်းအရင်းနှင့် ဘယ်လိုကာကွယ်မလဲ။

ဆောင်းရာသီမှာ ဓာတ်လိုက်ရတဲ့အကြောင်းအရင်းနှင့် ဘယ်လိုကာကွယ်မလဲ။

ဆောင်းရာသီရောက်လာပြီဆိုရင် တံခါးလက်ကိုင်နဲ့ထိလိုက်တဲ့အချိန် 「စပ်ခနဲ」နာကျင်သွားသလိုခံစားဖူးကြတယ်မလားဟင်။အထူးသဖြင့်အခုလို‌ဆောင်းရာသီမျိုးမှာ ဓာတ်လိုက်မှုဟာဖြစ်လွယ်ပြီး နည်းနည်းလေးထိမိလိုက်တာနဲ့ လန့်တတ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဓာတ်လိုက်ရတဲ့အကြောင်းအရင်းနှင့်ချက်ခြင်းကာကွယ်လို့ရမဲ့နည်းလမ်းတွေကို ပြောပြပေးပါမယ်။

ဆောင်းရာသီရောက်တာနဲ့ဘာကြောင့်ဓာတ်လိုက်ရတာလည်း?

ဆောင်းရာသီရဲ့လေထုကအရမ်းကို ခြောက်သွေ့လွန်းလှပါတယ်။ စိုထိုင်းဆနည်းပါတဲ့အခါမှာ ခန္ဓာကိုယ်မှာ စုပုံနေတဲ့လျှပ်စစ်တွေက ထွက်ပြေးချင်လာပြီ သတ္တုပစ္စည်းများနှင့်ထိတွေ့သောအခါ 「စပ်ခနဲ」လျှပ်စစ်ဓာတ်တွေကိုစွန့်ထုတ်လိုက်ပါတယ်။

အထူးသဖြင့် ဆောင်းရာသီဝတ် သိုးမွှေး၊ဆွယ်တာ စတာတွေက သံလိုက်ဓာတ်ဖြစ်လွယ်ပြီး လျှပ်စစ်အလွယ်တကူစုစည်းနိုင်တဲ့ အရာများပဲဖြစ်ပါတယ်။

အထူးသဖြင့်ဓာတ်လိုက်လွယ်တဲ့အခြေနေများ

  • တံခါးလက်ကိုင်ကိုထိလိုက်တဲ့အခါ
  • ကားတံခါးဖွင့်လိုက်တဲ့အခါ
  • စက်လှေကားလက်ကိုင်လက်ကိုင်ကိုထိလိုက်တဲ့အခါ
  • ဆွယ်တာအင်္ကျီချွတ်ပြီးနောက် လူနဲ့ထိတွေ့တဲ့အခါ

 

ဒီနေ့ကစပြီး ဓာတ်လိုက်တာကိုဘယ်လိုကာကွယ်ကြမလဲ?

  • အမြဲရေဓာတ်ပြည့်အောင်လုပ်မယ် : Hand Creamလိမ်းရုံနဲ့တင်ဓာတ်လိုက်တာကိုသက်သာစေပါတယ်။

  • သတ္တုနှင့်မထိတွေ့ခင်မှာနံရံသစ်သားတို့နှင့်ထိတွေ့ပါ: +ရုတ်တရက်သတ္တုနှင့်ထိတွေ့တဲ့အခါပြင်းပြတဲ့လျှပ်စီးမှုကိုဖြစ်ပေါ်စေပါတယ်။

+ပထမဆုံးနံရံ၊သစ်သား၊ကွန်ကရစ်တို့နှင့်ထိတွေ့ပြီးပါက သက်ရောက်မှုကပိုမိုအားနည်းသွားပါလိမ့်မည်။

  • အထည်ပျော့ဆေးသုံးပါ- ၎င်းသည် အဝတ်အစားများပေါ်တွင် ပွတ်တိုက်မှုကို လျော့ကျစေပြီး လျှပ်စစ်ဓာတ်အား စုပုံလာနိုင်ခြေ နည်းပါးစေသည်။

 

  • အခန်းကို စိုထိုင်းဆတိုးစေခြင်း- စိုထိုင်းဆကို မြှင့်တင်ပေးရုံဖြင့် လျှပ်စစ်ဓာတ်အားကို သိသိသာသာ လျှော့ချနိုင်ပါသည်။
  • လျှပ်စစ်ဓာတ်အား ဆန့်ကျင်ပစ္စည်းများကို အသုံးပြုပါ- သော့ချိတ်ပုံသဏ္ဍာန် လျှပ်စစ်စွန့်ထုတ်ပစ္စည်းများနှင့် လျှပ်စစ်ဓာတ်အား ဆန့်ကျင်ဖြန်းဆေးများသည်လည်း အသုံးဝင်ပါသည်။
  • လျှပ်စစ်ဓာတ်အားသည် အသေးအဖွဲကိစ္စတစ်ခုဖြစ်သော်လည်း နေ့တိုင်းကြုံတွေ့ရပါက စိတ်ဖိစီးမှုဖြစ်စေနိုင်ပါသည်။
  • အနည်းငယ်ပိုဂရုစိုက်ခြင်းဖြင့် သင်မည်မျှလျှော့ချနိုင်သည်ကို အံ့အားသင့်သွားလိမ့်မည်၊ ထို့ကြောင့် ယခုဆောင်းရာသီတွင် ၎င်းနည်းလမ်းများကို စမ်းကြည့်ကြပါ။