အပြန်အလှန်နားလည်မှု

၂၀၂၅ခုနှစ်အတွက်ကိုဘေးမီးပုံးအလှဆင်ပွဲတော်ကိုကျင်းပခဲ့ပါတယ်။

၂၀၂၅ခုနှစ်အတွက်ကိုဘေးမီးပုံးအလှဆင်ပွဲတော်ကိုကျင်းပခဲ့ပါတယ်။

Nagataရပ်ကွပ်ကို အရွယ်အစားအမျိုးမျိုးရှိတဲ့ မီးခွက် ၁,၄၀၀ လောက် ဖြင့်အလှဆင်ခဲ့ပါတယ်။Futaba Gakushaအပြင် Taishoutsujiဈေးဝယ်လမ်းပေါ်ရှိ တံတားလမ်းနေရာ၃ခု၊ Cooperative Tenantရှေ့၊ Shinnaga တံတားမြေအောက်လမ်း၊ Hyogoခရိုင် ကိုဘေးအသက်မွေးဝမ်းကြောင်းဆိုင်ရာစင်တာတို့တွင်လည်း မီးများကို ထွန်းလှစ်ခဲ့ပြီး ယခုနှစ်တွင် မီးထွန်းနေရာကို တိုးချဲ့ရန် Hyogoခရိုင် အထွေထွေကျန်းမာရေးကောလိပ်တွင် လည်း မီးများကိုထွန်းခဲ့ပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီမံကိန်းအမျိုးမျိုးကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။Taishoutsuji ဈေးဝယ်လမ်းရှိ ဧည့်သည်အရေအတွက်နှင့် Futaba Gakusha ရှိကလေးလူကြီးစုစုပေါင်း တက်ရောက်သူ ၅၀၀၀ ခန့်ရှိခဲ့ပါသည်။

မီးပုံးပန်းချီအလှဆင်မှုတွင် ယူကရိန်းနိုင်ငံမှ နေအိမ်ဆုံးရှုံးသည့် ဒုက္ခသည်များ၊ ဂျပန်ဘာသာစကားလေ့လာသူများနှင့် ကူညီသူများ၊ ‌ဒေသခံ ကလေးများ စသည့် လူမျိုးမျိုးက ပါဝင်ခဲ့ကြပါသည်။ ယူကရိန်းရဲ့ သဘာဝမြင်ကွင်းများ၊ တရုတ်နိုင်ငံရဲ့ ဖြတ်တောက်ပုံပန်းချီများ၊ ဗီယက်နမ်နိုင်ငံရဲ့ပန်းများနှင့် ဘုရားကျောင်းများ၊ နီပေါလ်နိုင်ငံ၏ မြင်ကွင်းများ စသည့် အမျိုးမျိုးသော အနုပညာဆန်းသစ်မှုများစွာကို ဖန်တီးခဲ့ကြသည်။ ပြသပွဲကိုတော့ မီးထွန်းပွဲရဲ့၂ရက်အလိုမဟုတ်ပဲ ၊ ၂ ပတ်အလိုထဲက အစဉ်လိုက်စတင်ခဲ့ပြီး မြို့အတွင်းလမ်းလျှောက်သူများ၏ စိတ်ဝင့်မှုကို ရယူခဲ့ပါသည်။ ထိုပွဲတွင်ပန်းချီဆွဲခဲ့သူများသည် မိမိဆွဲထားသောမီးပုံးများကို ရှာဖွေနေသည်များကိုလည်း တွေ့ရှိရပါသည်။

မိဘနှင့်ကလေးများပွဲနေ့တွင် ကလေးများကစားလို့ရမည့်ဂိမ်းများစွာကို ပြင်ဆင်ထားပြီး၊ ဥပမာ- ဆူပါဘောလ်ဖမ်းခြင်း၊ သစ်သားထိုးပစ်လက်နက်၊ ကမ္ဘာ့ဂိမ်းအမျိုးမျိုးများ၊ ၊ကြိုးဆွဲဂိမ်းမျာ စသည်တို့ပါဝင်သည်။ စင်ပေါ်တွင်တော့ ချင်းဒုံတီးဝိုင်း၊ ချင်းဂ်ဒူးတီးချက်များ၊ နီပါလ်ပြည်နယ် အထက်တန်းကျောင်းသားများမှ အကဖျော်ဖြေရေး စသဖြင့် မတူညီတဲ့ယဉ်ကျေးမှုများကိုခံစားနိုင်မည့် အစီအစဉ်များကို ပြုလုပ်ခဲ့သည်။

ထို့ပြင် ၊ ကိုဘေး အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း စင်တာ(KICC)တွင်လည်း Kobe Gakuinတက္ကသိုလ်မှစတနာ့ဝန်ထမ်း အဖွဲ့က စပိန်ပွဲတော် နှင့် ကလေး များ အတွက် ကစား ပွဲ တစ် ခု ကို စီစဉ် ခဲ့ ပြီး ၊ Taishoutsuji ဈေးဝယ်လမ်းရှိစတိုးဆိုင် တစ် ခု တွင် ရွှေငါး ဖမ်းနည်းကစားခြင်းကို ပြုလုပ် ခြင်းစသည့်ပူးပေါင်း ဆောင်ရွက် မှု ကို တိုးချဲ့ ခဲ့ ပါသည် ။ ဧည့်သည်တွေ နေရာတစ်ခုစီကို သွားရောက်လည်ပတ်နိုင်ဖို့ နေရာမြေပုံနဲ့ တံဆိပ်အမှတ်အသားတွေကိုလည်း ပြင်ဆင်ခဲ့ကြတယ်။

ထို့အပြင်၊ Taishoutsuji ဈေးဝယ်လမ်းတွင် ဒေသခံဆိုင်များနှင့်အဖွဲ့အစည်းများ၏ပူးပေါင်းမှုရရှိကာ ကိုရီးယား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ ဘရာဇီး၊ ယူကရိန်း၊ အိန္ဒိယ၊ တရုတ်၊ နီပေါ၊ ထိုင်း စသဖြင့် ကမ္ဘာအနှံ့မှ အစားအစာဆိုင်များ ကိုလည်းပြုလုပ်ခဲ့ကြပါသည်။ Futaba Gakushaရှေ့တွင်လည်း ပေါက်ပေါက်စုတ်နှင့် အာတာပူစီမုန့် ဆိုင်များကိုစီစဉ်ကာ စည်ကားသိုက်မြိုက်စွာရောင်းချခဲ့ကြပါသည်။

ထို့အပြင် ယခုနှစ်တွင်  Taisho-suji မီးပုံး နှင့်အတူ ပွဲကို တစ်ချိန်ထဲကျင်းပကာ လူအမြောက်အများက ရပ်ကွပ်အတွင်း လှည့်လည်ကြည့်ရှု့ ကစားနိုင်ရန် ခဲ့ပါသည်။ ပွဲကို ကျင်းပသည့်အခါတွင် “Lantern Supporters” အဖြစ် အလှူငွေကောက်ခံစုစည်းခဲ့ကြပြီး အဖွဲ့အစည်း ၃၂ ခုနှင့် လူတစ်ဦးခြင်းစီမှ စုစုပေါင်း ၃၇၉,၃၈၀ ယန်း ကောရရှိခဲ့ပါသည်။

ဤစီမံကိန်းမှတစ်ဆင့် ဒေသအတွင်းရှိ ကလေးများစွာသည် ယဉ်ကျေးမှုအမျိုးမျိုးနှင့် ထိတွေ့ခွင့်ရကြပြီး၊ ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးမှလာသော နိုင်ငံခြားသားလူမျိုးတို့သည် ဒေသကို ပြန်လည်စည်ပင်တိုးတက်စေရန် အတူတကွလုပ်ဆောင်နေကြသည်ကို တွေ့မြင်နိုင်ခဲ့ပါသည်။ ၎င်း သည် ဒေသခံ အသိုင်းအဝိုင်း တွင် ဂုဏ်ယူ စရာ နှင့် မတူကွဲပြား ခြားနား မှု ကို လေးစား တတ်မှုစသည်တို့ကို ဖွံ့ဖြိုး စေရန် အခွင့်အရေး တစ် ခု ပဲဖြစ် ခဲ့ပါတယ်  ။ နိုင်ငံခြားသားများ၏ လူ့အဖွဲ့အစည်းအတွင်းသို့ပါဝင်လှုပ်ရှားမှုများကို ဆက်လက်ထောက်ပံ့ပေးပြီး ဒေသ ကိုပိုမို မြှင့်တင်ရန် ကျွန်ုပ်တို့၏ စီမံကိန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။