ဂျပန်နိုင်ငံတွင်နေထိုင်မယ်ဆိုရင် သိထားသင့်သော ပင်စင်နှင့် ပေးသွင်းမှု နည်းလမ်းများ
2026.03.17

ဂျပန်နိုင်ငံမှာနေထိုင်စဥ်”ပင်စင်” ဆိုတဲ့စကားလုံးကို ကြားဖူးမှာပါ။ ရပ်ကွပ်ရုံးကနေ အသိပေးစာရတဲ့အခါ ဒါမှမဟုတ် အသက် ၂၀ ပြည့်တဲ့အခါပင်စင်လမ်းးညွှန်တွေလာလိုက်နဲ့မလို့ စိတ်ပူပန်မှုတွေခံစားနေရသူတွေလည်းရှိမှာပါ။ပင်စင်အကြောင်းသည် ခက်ခဲပုံရသော်လည်း အခြေခံအချက်များကို သိထားရုံဖြင့် စိတ်အေးလက်အေးနေနိုင်ပါသည်။
ပင်စင်ဆိုတာဘာလဲ?
ပင်စင်ဆိုသည်မှာ အနာဂတ်ဘဝနှင့်၊ အရေးပေါ်အခြေအနေများအတွက်ထားရှိတဲ့ လူမှုရေးအာမခံစနစ်တစ်ခုဖြစ်သည်။
ဂျပန်နိုင်ငံတွင် အသက် 20 နှစ်အထက် 60 နှစ်အောက်ရှိသူများသည် စည်းမျဉ်းအရ ပါဝင်ရန်လိုအပ်သည်။
ပင်စင်သည် “အသက်ကြီးတဲ့နောက်ပိုင်း” အတွက်ဟုသာသိကြပြီး၊ အမှန်တကယ်တော့ အဲဒီတစ်ခုတည်းအတွက်မဟုတ်ပါဘူး။
ပေးချေခဲ့သည့် ပင်စင်ငွေကိုဘာတွေမှာအသုံးပြုသလဲ?
ပေးချေခဲ့သည့် ပင်စင်ငွေတွေကို အဓိကအားဖြင့် အောက်ပါအကျိုးခံစားခွင့်များတွင်အသုံးပြုပါသည်။
① အသက်ကြီးပင်စင်: အသက် ၆၅ နှစ်နောက်ပိုင်းမှာ ရယူနိုင်သောငွေဖြစ်သည်။
② မသန်စွမ်းမှုပင်စင်: ရောဂါဖြစ်ခြင်း သို့မဟုတ် မတော်တဆမှုတို့ကြောင့် တစ်စုံတစ်ရာထိခိုက်သွားသောအခြေအနေတွင်ရယူနိုင်ပါသည်။
③ အိမ်ထောင်စုပင်စင်: ပင်စင်ခွန်ဝင်ထားသည့်သူက သေးဆုံးသွားပါက သက်ဆိုင်ရာမိသားစုဝင်များကရယူနိုင်ပါသည်။
တစ်နည်းအားဖြင့် ပင်စင်သည် “အနာဂတ်ကမိမိ” အတွက်သာမက “ယခုဘဝ၏ အာမခံမှု” နဲ့လည်း ဆက်စပ်နေသည်။

ဘယ်လိုပင်စင်ဝင်ရမလဲ?
အသက် 20 အရွယ်ရောက်ရင် ဂျပန်အာမခံအဖွဲ့မှ စာရွက်စာတမ်းတွေ ပေးပို့ပါလိမ့်မယ်။
ကုမ္ပဏီဝန်ထမ်းဖြစ်ရင် ကုမ္ပဏီမှတဆင့် ပင်စင်ခွန်အာမခံဝင်နိုင်ပါမည်။
ကျောင်းသားများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ၊ အလုပ်အချိန်ပိုင်းလုပ်သူများကတော့ ကျန်းမာရေးအာမခံဝင် ရပါမယ်။
အိမ်ပြောင်းခဲ့ရင်လည်း လိပ်စာပြောင်းလိုအပ်ပါတယ်။
ဘယ်လိုအခွန်ငွေပေးချေရမလဲ။
နိုင်ငံသားကျန်းမာရေးအာမခံကြေးကို လစဉ်သတ်မှတ်ပမာဏကိုပေးဆောင်ရပါသည်။ ပေးချေရန်နည်းလမ်းများမှာ
• ကွန်ဘီနီငွေပေးချေမှု
• ဘဏ်ပေးချေမှု
• အကောင့်မှတိုက်ရိုက်ငွေလွှဲပေးချေမှု
• ခရက်ဒစ်ကတ်ဖြင့်ပေးချေမှု
တစ်ခါတည်းစုပြီးပေးချေမှုပြုလုပ်ပါက လျော့စျေးရနိုင်သောအခြေအနေများလည်း ရှိနိုင်သည်။
ကုမ္ပဏီဝန်ထမ်းများအတွက်က လစာမှ အလိုအလျောက် ဖြတ်ပါလိမ့်မည်။
ငွေပေးခြင်းခက်ခဲသည့်အချိန်တွင်?
ဝင်ငွေနည်းခြင်း၊ အလုပ်အချိန်လျော့ခြင်းစသည်ဖြင့် ငွေပေးချေခြင်းခက်ခဲပါက၊ ဘာမှမလုပ်ပဲထားပစ်ခြင်းကို အကြံမပေးပါ။
အောက်ပါနည်းစနစ်များ ရှိပါသည်။
① ကျောင်းသားပေးချေရေးအထူးစနစ်: ကျောင်းသားများ လျှောက်ထားပါက ပေးချေရေးကို ခဏတာကင်းလွတ််နိုင်သည်။
② အခွန်ကင်းစနစ်: သတ်မှတ်ထားသောဝင်ငွေထက်နည်းပါက၊ အကုန်လုံး သို့မဟုတ် တစ်ပိုင်းစကို လျှော့ချနိုင်မည်ဖြစ်သည်။
③ အခွန်ခဏတာကင်းလွတ်စနစ်: လူငယ်များအတွက်ဖြစ်ပြီး နောက်ပိုင်းမှပြန်လည်ပေးဆောင်ရမည့်စနစ်ဖြစ်ပါသည်။
မြို့နယ်ရုံးသို့မဟုတ် ပင်စင်ခွန်ရုံးစသည်တို့တွင် လျှောက်ထားရမည်။
နိုင်ငံခြားသားများအတွက်ကတော့?
ဂျပန်နိုင်ငံတွင် သတ်မှတ်ထားသည့်အချိန်အတွင်း ပင်စင်ခွန်ကို ငွေပေးဆောင်ခဲ့သည့် နိုင်ငံခြားသားများသည် မိမိတိုင်းပြည်သို့ ပြန်လည်သွားပြီးနောက် ပင်စင်ထွက်ခွင့်ငွေကို ပြန်လည်လျှောက်ထားနိုင်သောအခွင့်အလမ်းရှိပါသည်။ ပေးဆောင်ခဲ့သည့် အချိန်နှင့် အခြေအနေများအပေါ်မူတည်ပြီး ငွေပမာဏက အပြောင်းအလဲရှိနိုင်သဖြင့် တိုင်းပြည်ပြန်မည့်အချိန်မတိုင်မီ စစ်ဆေးထားခြင်းဟာစိတ်ချရပါသည်။

မပေးချေရင် ဘာဖြစ်မလဲ ?
မပေးချေပဲထားထားရင်
• အကြောင်းကြားစာပို့မည်။
• အနာဂတ်တွင် လက်ခံရနိုင်တဲ့ ပင်စင်ငွေ လျော့နည်းမည်။
• မသန်းစွမ်းပင်စင်ငွေများကို လက်ခံရနိုင်ရန် အခွင့်အလမ်း မရှိနိုင်ပါ။
• ဗီဇာသက်တမ်းတိုးတဲ့အခါတွင် သက်ရောက်မှု ရှိနိုင်ပါသည်
အခက်အခဲရှိသည့်အချိန်တွင် ချက်ချင်း တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။
ဘယ်လို။ “ပင်စင် “ဆိုတာ “အနာဂတ်အတွက်” တစ်ခုထဲမဟုတ်ပဲ”ယခုလက်ရှိဘဝတွင် စိတ်အေးအောင်” အတွက်ပါပြုလုပ်ထားသည့်စနစ်ဖြစ်သည်။ပြုလုပ်ရမည့်နည်းလမ်းများကို သိထားပါကစိုးရိမ်စရာမရှိပါဘူး။ မသိနားမလည်တာရှိပါက မြို့နယ်ရုံး သို့မဟုတ် ပင်စင်ငွေ ရုံးတွင် အကြံဉာဏ်တောင်းနိုင်ပါသည်။