ဘိုင်းအိယုအကြောင်း

「ဘိုင်းအိယု」ဒေသခံများကိုချိတ်ဆက်ပေးသော「ယဥ်ကျေးမှုပေါင်းစုံ」အတူယှဥ်တွဲနေထိုင်ရေးလူ့အဖွဲ့အစည်းကိုတည်ထောင်ခြင်း

ဤဝဘ်ဆိုဒ်သည်နိုင်ငံခြားရင်းမြစ်ရှိသူများအများအပြားနေထိုင်သည့်အသိုင်းအဝိုင်းတခုဖန်တီးထားခြင်း
ဖြစ်ပြီးလူတိုင်းတဦးနှင့်တဦးအခွင့်အရေးနှင့်တွေးခေါ်ပုံတွေးခေါ်နည်း၊နည်းလမ်းများကိုလေးစားကာလူ
တိုင်းသက်တောင့်သက်သာနှင့်စိတ်အေးချမ်းသာစွာနေထိုင်နိုင်သည့်အသိုင်းအဝိုင်းတခုဖန်တီးရန်တည်
ထောင်ထားခြင်းဖြစ်သည်။ကျွန်ုပ်တို့သည်နေ့စဥ်ဘဝတွင်အသုံးဝင်သောအချက်အလက်များ၊အပြန်အလှန်နားလည်မှု၊ပူးပေါင်းဆောင်ရွက်မှုတို့နှင့်ပက်သက်သည့်ဆောင်းပါးများကိုပို့စ်တင်ပါမည်။

အသုံးဝင်သောအချက်အလက်များ

နိုင်ငံခြားသားနေထိုင်သူများသိရှိလိုသည့်အချက်အလက်များကို၎င်းတို့၏နေ့စဥ်ဘဝတွင်‌ရွေးချယ်မှုနှင့်ဆုံးဖြတ်ချက်များချရာတွင်အထောက်အကူဖြစ်စေရန်ကျွန်ုပ်တို့တင်ပေးသွားပါမည်။
စာမျက်နှာပေါ်ရှိဖောင်ကိုအသုံးပြု၍ဝဘ်ဆိုဒ်ပေါ်တွင်အကြောင်းအရာတင်ရန်တောင်းဆိုမှုများကိုလက်ခံပါသည်။

အပြန်အလှန်နားလည်မှု

နယ်မြေအတွင်းနေထိုင်သောနိုင်ငံခြားသားများနှင့်နယ်မြေအတွင်းလှုပ်ရှားနေသောအဖွဲ့အစည်းများနှင့်တွေ့ဆုံမေးမြန်းခြင်းဆောင်းပါးများနှငိ့လှုပ်ရှားမှုအစီရင်ခံစာများကိုကျွန်ုပ်တို့ထုတ်ပြန်ပါမည်။တူညီသောအ
သိုင်းအဝိုင်းတွင်နေထိုင်သူများအနေဖြင့်မလိုမုန်းထားမှုများနှင့်စံနမူနာများကိုဖယ်ရှားရန်အပြန်အလှန်နား
လည်မှုပိုမိုနက်ရှိုင်းရန်အခွင့်အလမ်းများဖန်တီးပေးပါသည်။

  • ဂျပန်နိုင်ငံသို့လာ‌ရောက်ခြင်း၏နောက်ခံ
  • ဂျပန်တွင်အတွေ့အကြုံများနှင့်ဘဝဇတ်လမ်းများ
  • လက်ရှိလုပ်ဆောင်နေသောအရာနှင့်ပက်သက်ပြီးသင့်ရဲ့အတွေးအမြင်

ပူးပေါင်းဆောင်ရွက်ခြင်း

ယုံကြည်မှုနှင့်အပြန်အလှန်လေးစားမှုတည်ဆောက်ကာသက်တောင့်သက်သာနေထိုင်နိုင်သောမြို့လေးတမြို့ဖြစ်လာစေရန်စေတနာ့ဝန်ထမ်းအလုပ်သင်များကဲ့သို့သောလူမှုအသိုင်းအဝိုင်းလုပ်ဆောင်မှုများ၊နိုင်ငံခြား
သားများနှင့်ဂျပန်လူမျိုးများ၏ပူးပေါင်းဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သောအချက်အလက်များကို
တင်ပေးပါမည်။

  • အခကြေးနှင့်အခကြေးမယူသောစေတနာ့ဝန်ထမ်းများ၏လှုပ်ရှားမှုများနှင့်နိုင်ငံခြားသားနေထိုင်သူများပါဝင်ရန်လွယ်ကူသောဒေသလှုပ်ရှားမှု
  • နိုင်ငံခြားသားများ၏မတူကွဲပြားသောအရည်အချင်းများနှင့်ပုဂ္ဂိုလ်ရေးများမြှင့်တင်ခြင်း

ဤဝဘ်ဆိုဒ်၏ရည်မှန်းချက်

ဤဝဘ်ဆိုဒ်ရဲ့နာမည်「ဘိုင်းအိယု」တွင်အဓိပ္ပါယ်နှစ်မျိုးရှိပါသည်။ပထမတမျိုးမှာ「ဖြည်းညှင်းစွာစီးဆင်းသောစမ်းချောင်း」ဟုအဓိပ္ပါယ်ရသောမြေသဏ္ဍာန်အမည်ဖြစ်ပြီးအမေရိကန်ပြည်
ထောင်စုမစ္စစ်စပီမြစ်ဝကျွန်းပေါ်ဒေသတွင်ရှိသောလူသိများသည်။ဘိုင်းအိယုသည်စိုစွတ်သော‌ရေများပါဝင်
သောစိုစွတ်သောဧရိယာကိုတည်ဆောက်ပြီးplankton(ရေမျော)များပေါများကြွယ်ဝပြီးရေချိုကျောက်ပုဇွန်၊ပုဇွန်၊ဝင်ကစွပ်၊ငါးခူ၊မိချောင်းအစရှိသဖြင့်မျိုးစုံသောတိရစ္ဆာန်များနှင့်သစ်ပင်ပန်းမန်များကြောင့်လူသိများသည်။မြစ်တစင်းသည်အကိုင်းအခက်များကွန်ယက်သဖွယ်ဖောက်ထွက်ကာကြွယ်ဝသောသဘာဝပတ်ဝန်း
ကျင်ရှိသည်။ထိုမြေသြဇာကောင်းသောမြေကိုအသုံးချခြင်းဖြင့်မြစ်ဝှမ်းဒေသများတွင်ယဥ်ကျေးမှုထွန်းကားလာသည်။

သမိုင်းအကြောင်းအရကိုဘေတွင်နိုင်ငံခြားသားအမြောက်အမြားနေထိုင်ပြီးကာလကြာရှည်နေထိုင်ခဲ့ကြသူများ၊ဆက်လက်နေထိုင်မည့်သူများ၊ကိုဘေတွင်မွေးဖွားကြီးပြင်းလာသူများနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပါအဝင်နိုင်ငံခြားသားဦးရေအများအပြားရှိခဲ့သည်။မတူကွဲပြားသောပတ်ဝန်းကျင်တွင်မတူညီသောယဥ်ကျေးမှုများ၊သမိုင်းများနှင့်ကိုယ်ရေးကိုယ်တာနောက်ခံများရှိကြသည်။တူညီသောနိုင်ငံသို့မဟုတ်ဒေသမှလာကြသူများဖြစ်ပြီးမလိုမုန်းထားမှုများ၊စံနမူနာများဖြင့်လူများကိုနားလည်ရန်လွယ်ကူသည်။အိမ်နားနီးချင်းများအနေဖြင့်၎င်းတို့အားနားလည်ရန်ကြိုးစားရန်နှင့်ယုံကြည်မှုတည်ဆောက်ရာတွင်လူတိုင်းငြိမ်းချမ်းပြီး
သက်တောင့်သက်သာနေထိုင်နိုင်သည့်စည်းလုံးသောလူ့အဖွဲ့အစည်းကိုဖြစ်ပေါ်စေမည်ဟုကယုံကြည်ပါသည်။မြေသြဇာကောင်းသောမြေဇီလွှာကိုပံ့ပိုးပေးပြီးမတူကွဲပြားသောသစ်ပင်ပန်းမန်များနှင့်တိရစ္ဆာန်များကိုပြုစုပျိုးထောင်ပေးသည့်ဘိုင်းအိယုကဲ့သို့ပင်ကျွန်ုပ်တို့သည်ဒေသခံအသိုင်းအဝိုင်းနိုင်ငံခြားသားများကို
ပံ့ပိုးရန်အပြန်အလှန်နားလည်မှုနှင့်ပူးပေါင်းဆောင်ရွက်ရန်အဝန်းအဝိုင်းကိုချဲ့ထွင်ရန်ကြွယ်ဝသောမတူကွဲပြားမှုများကိုမြတ်နိုးတန်ဖိုးထားကာစည်းလုံးသောလူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးပေးသည့်အခန်း
ကဏ္ဍမှပါဝင်လိုပါသည်။

အခြားအဓိပ္ပါယ်မှာအင်္ဂလိပ်စကားလုံး「by you」(သင့်အားဖြင့်)ဟုအဓိပ္ပါယ်ရသည်။နိုင်ငံခြားသားများ
အတွက်ပံ့ပိုးကူညီမှု၊အပြန်အလှန်နားလည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုအသိုင်းအဝိုင်းသည်သင်၏အသိ
ဥာဏ်နှင့်လုပ်ဆောင်မှုများမှတဆင့်ကျယ်ပြန့်လာမည်ဖြစ်သည်။လူတဦးစီ၏အသိဥာဏ်နှင့်လုပ်ဆောင်ချက်များသည်အရေးကြီးသည်ဟူသောအယူအဆကိုပေါင်းစပ်ထားသည်။

Photo taken by JamesDeMers. Pixabay