ICOCAကိုဝယ်ပုံ၊အသုံးပြုပုံ

ICOCAကိုဝယ်ပုံ၊အသုံးပြုပုံ

ICOCAဆိုသည်မှာရထား၊ဘတ်စ်ကားကိုစီးသည့်အခါတွင်အသုံးပြုသည့်ကတ်ဖြစ်သည်။ခရီးသွားလက်

မှတ်အနေဖြင့်အသုံးပြုနိုင်ပါသည်။

အသုံးပြုနိုင်သည့်နေရာ

JRအနောက်ဂျပန်တွင်ရှိသောဘူတာ[အစိမ်း‌ရောင်ကောင်တာ]၊「အစိမ်း‌ရောင်လက်မှတ်အရောင်းစက်」「အပန်းရောင်အလိုအ‌လျောက်အရောင်းစက်」တွင်ရောင်းပေးနေပါသည်။ထို့ပြင်မြေအောက်ရထား၊

SANYO ရထား၊HANKYU၊ရထား၊HANSHIN ရထားများ၏အလိုအလျောက်အရောင်းစက်များနှင့်SANYO

ဘတ်စ်တွင်လည်းဝယ်နိုင်ပါသည်။

ဝယ်ပုံဝယ်နည်း

ICOCAကိုဝယ်နည်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။အလိုအလျောက်အရောင်းဆိုင်ကိုသွားပါမည်

၂။「ICOCAကိုဝယ်မည်」ဆိုသည့်ခလုတ်ကိုနှိပ်ရပါမည်

၃။ဝယ်လိုသောငွေပမာဏကိုရေးထားသောခလုတ်ကိုနှိပ်ရပါမည်။(အများသောအားဖြင့်၂၀၀၀ယမ်းဆိုသည့်ခလုတ်ပဲရှိနိုင်ပါသည်။

၄။ငွေပေး(ကတ်ခသည်၅၀၀ယမ်းဖြစ်၍ကျန်ရှိငွေမှာရထားစီးရာတွင်ကုန်ကျမည့်ငွေပမာဏဖြစ်ပါ

သည်။

(၄ 「ပြေစာနှင့်အတူ」「ပြေစာမလို」၏ခလုတ်ရှိပါကတခုခုကိုနှိပ်ရပါမည်။

၅။အရောင်းစက်မှICOCAကတ်ထွက်လာမည်ဖြစ်၍ရယူပါ။

အသုံးပြုပုံ

လက်မှတ်ဖြတ်သည့်ဂိတ်မှဝင်ထွက်သည့်အခါ「IC」လို့ရေးထားသည့်နေရာတွင်ကတ်ကိုထိကပ်ရပါမည်။

လက်မှတ်ကဲ့သို့လက်မှတ်ဖြတ်သည့်အထဲသို့မထည့်မိပါစေနှင့်။သယ်ယူပို့ဆောင်‌ရေးစရိတ်ကိုအလိုအလျောက်တွက်ချက်မည်ဖြစ်ပါသည်။

ငွေဖြည့်နည်း

ICOCAတွင်ထည့်ထားသောငွေနည်းလာပါကအလိုအလျောက်လက်မှတ်အရောင်းသည့်စက်၊ယာဥ်စီးခချိန်ညှိစက်များနှင့်အထူးစက်များတွင်ငွေထပ်ဖြည့်နိုင်ပါသည်။လုပ်နည်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

 

၁။အရောင်းစက်နှင့်အထူးစက်များတွင်ICOCAကိုထည့်သွင်းပါ

စက်ပေါ်မုတည်၍ICOCAကိုထားရမည့်နေရာကွဲပြားပါလိမ့်မည်။လက်မှတ်အရောင်းစက်ထဲသို့ပိုက်ဆံကိုထည့်‌သောအခါတွင်ဒေါင်လိုက်ထည့်ခြင်းနှင့်သတ်မှတ်ထားသောနေရာတွင်ထားလိုက်ခြင်းဖြင့်နည်းလမ်း

များရှိပါသည်။

၂။ငွေဖြည့်လိုသည့်ပမာဏကို‌ရွေးချယ်ရပါမည်

၃။ရွေးချယ်ထားသည့်ငွေပမာဏကိုငွေသားဖြင့်စက်ထဲသို့ထည့်ရပါမည်

၄။ပြေစာလိုအပ်သည့်အခါတွင်「ပြေစာထုတ်ဆိုသည့်ခလုတ်」ကိုနှိပ်ရပါမည်။

၅။လက်မှတ်အရောင်းစက်မှICOCAကိုယူရပါမည်။

 

ICOCAကိုဘူတာ၏လက်မှတ်အရောင်းစက်များတွင်လွပ်လပ်စွာဝယ်ယူနိုင်ပြီးဝယ်ပြီးပြီးချင်းအသုံးပြုနိုင်သည့်အတွက်အဆင်ပြေပါသည်။လက်မှတ်ဝယ်ယူရန်ခက်ခဲမှုကိုလဲသက်သာစေပါသည်။ဖြည့်ထားသောငွေမလုံလောက်ပါကလက်မှတ်ဖြတ်သည့်နေရာမှထွက်၍မရနိုင်ပါသဖြင့်သတိပြုစေလိုပါသည်။

ICOCAကိုလွယ်ကူစွာအသုံးပြုနည်း

ICOCAကိုpass case (ကတ်ထည့်သည့်အိတ်)တွင်ထည့်ပါကအဆင်ပြေသည်။ကတ်ထည့်သည့်အိတ်တွင်

ထည့်ထားပါကလက်မှတ်ဖြတ်သည့်အခါတွင်ချက်ချင်းထိကပ်နိုင်ပါသည်။ပိုက်ဆံအိတ်စသည်တို့တွင်ထည့်ထားပါကအလွယ်တကူစက်မှဖတ်၍ရမည်မဟုတ်ပေ။အချိန်တိုင်းထုတ်သည့်အခါတွင်လဲအဆင်မပြေနိုင်သောကြောင့်ကတ်ထည်သည့်အိတ်တွင်ထည့်ရန်အကြံပြုလိုပါသည်။