ငလျင်လှုပ်လျှင်ဘယ်လိုလုပ်ရမလဲ?
2024.12.13
ဂျပန်နိုင်ငံသည်ငလျင်အလှုပ်များသောနိုင်ငံဖြစ်သည်။၁၉၉၅ခုနှစ်တွင်Hanshin Awaji ငလျင်ကြီးဖြစ်ပြီး
၂၀၁၁ခုနှစ်တွင်အရှေ့ဂျပန်ငလျင်ကြီးဖြစ်ပွားခဲ့ပါသည်။ထိုအချိန်မှစ၍Kumamoto၊Osakaနှင့်Ishikawaအပါအဝင်ဂျပန်နိုင်ငံ၏နေရာအနှံ့အပြားတွင်ငလျင်ကြီးများလှုပ်ခတ်လာခဲ့သည်။ဒီတစ်ခါမှာတော့ငလျင်
လှုပ်တဲ့အခါဘာလုပ်ရမလဲဆိုတာမိတ်ဆက်ပေးလိုက်ပါမယ်။
ငလျင်လှုပ်သည့်အခါ
- အဆောက်အအုံထဲတွင်ရှိနေသည့်အခါ
ငလျင်လှုပ်သည့်အခါစားပွဲခုံအောက်သို့ဝင်၍တုန်ခါနေခြင်းငြိမ်သွားသည်အထိစောင့်ပါ။စားပွဲခုံသည်အပေါ်မှပြုတ်ကျလာမည့်စာအုပ်၊ပန်းကန်စသည်တို့မှသင့်ကိုကာကွယ်ပေးပါလိမ့်မည်။တုန်လှုပ်မှုပြင်းထန်
သောအခါစားပွဲသည်လည်းရွေ့လျားနိုင်သောကြောင့်ထိုစားပွဲ၏ခြေထောက်များကိုမြဲမြဲဆုပ်ကိုင်ထားပါ။
တုန်ခါမှုရပ်တန့်ပြီးနောက်ဂက်စ်မီးဖိုများကိုပိတ်ပါ။ပထမဆုံးသင်သည်လုံခြုံစိတ်ချသောနေရာသို့ထွက်ပြေးနိုင်ရန်အရေးကြီးပါသည်။
- အပြင်တွင်ရှိသောအခါ
အပြင်တွင်ရှိနေစဥ်ငလျင်လှုပ်ပါကအပေါ်မှပြုတ်ကျလာမည့်အရာများ၊ပြိုကျနိုင်သည့်အဆောက်အဦးကို
သတိထား၍အနီးအနားတွင်ရှိသောအဆောက်အဦးအမြင့်မှပြုတ်ကျနိုင်သောအရာများမရှိနိုင်မည့်ကျယ်
ဝန်းသောနေရာ၊ဥပမာပန်းခြံစသည့်နေရာများသို့ပြေးပါ။ပြေးရာတွင်အိတ်အစရှိသည့်အရာများဖြင့်ခေါင်းကို
ကာကွယ်ပါ။နံရံများနှင့်အလိုအလျောက်ရောင်းစက်သည်လဲကျလွယ်သည့်အတွက်ဝေးဝေးနေပါ။
ငလျင်လှုပ်သည့်အခါတောင်နှင့်ချောက်ကမ်းပါးများပြိုကျနိုင်သောကြောင့်ဝေးရာသို့ပြေးပါ။စိတ်ချရသောနေရာသို့ရောက်ရှိပါကတုန်ခါမှုငြိမ်သက်သည်အထိဦးခေါင်းထိခိုက်ခြင်းကိုကာကွယ်ရန်ခေါင်းကိုငုံ့၍ဝပ်နေရပါမည်။
- မော်တော်ယာဥ်ကိုလမ်း၏ဘယ်ဘက်ခြမ်းတွင်ရပ်၍အင်ဂျင်ကိုပါရပ်ထားရပါမည်။ကားတံခါးကိုလော့မချပါနှင့်။ကားကိုသော့တန်းလန်းဖြင့်ထားခဲ့ရပါမည်။အရေးပေါ်ကားနှင့်ရဲကားများဖြတ်သည့်အခါနေရာရွေ့နိုင်ရန်အတွက်ဖြစ်ပါသည်။ငလျင်လှုပ်သည့်အခါလမ်းများပြိုပျက်ခြင်းကြောင့်ကားကိုခိုးယူမည့်သူမရှိပါ။အခြားသူများကိုကယ်ဆယ်ရန်လာသည့်ကားများဖြတ်သန်းသွားလာနိုင်ရန်ကူညီကြရပါစို့။
ငလျင်တည်ငြိမ်သည့်အခါ
- ပင်လယ်နှင့်နီးစပ်သောနေရာတွင်ရှိသောအခါ
ငလျင်လှုပ်ပြီးနောက်ဆူနာမီဟုခေါ်သည့်အလွန်မြင့်၍အားကောင်းသောလှိုင်းများလာနိုင်ပါသည်။ထိုလှိုင်း
သည်အိမ်နှင့်ကားများကိုတွန်းလှဲဖြိုနိုင်သည်အထိအားကြီးပါသည်။ပင်လယ်နှင့်အနီးအနားတွင်ရှိခဲ့ပါက
ဆူနာမီလာနိုင်ချေရှိပါသည်။ထိုအခြေအနေတွင်တန်ဖိုးရှိသောအရာများအစားအသောက်များကိုမယူပဲမြင့်
သည့်နေရာသို့ပြေးပါ။ပြေးသည့်အခါတွင်ကားနှင့်ဓါတ်လှေခါးများကိုအသုံးမပြုပါနှင့်။ကားလမ်းကျပ်ခြင်းသော်လည်းကောင်း၊ဓါတ်လှေကားပိတ်ခြင်းများကြောင့်ပြေးရန်နောက်ကျခြင်းများဖြစ်နိုင်ပါသည်။
- အပြင်သို့တိမ်းရှောင်ရန်ထွက်ပြေးသည့်အခါ
ငလျင်လှုပ်ခြင်းငြိမ်သွားပြီးပြင်ပသို့ထွက်ပြေးသည့်အခါအိမ်တွင်ရှိသောမိန်းခလုတ်(Breaker)ကိုခလုတ်
ပိတ်၍အပြင်သို့ထွက်ပါ။ငလျင်အကြီးအကျယ်လှုပ်သည့်အခါမီးပျက်နိုင်ပါသည်။မိန်းခလုတ်ကိုမပိတ်ခဲ့သော်ခဏကြာပြီးနောက်မီးပြန်တက်လာနိုင်သည့်အတွက်မီးလောင်မှုဖြစ်ပွားနိုင်သည်။ထို့ပြင်မီးကိုလဲမပိတ်ခဲ့သော်ဓါတ်ငွေ့ယိုစိမ့်ခြင်းသို့မဟုတ်မီးလောင်ခြင်းဖြစ်စေသည့်အန္တရာယ်ဖြစ်စေနိုင်ပါသည်။
- သင့်အိမ်တွင်နေလို့မရသည့်အထိပျက်စီးနေသည့်အခါ
ငလျင်ကြောင့်အိမ်တွင်မနေနိုင်သည်အထိပျက်စီးနေခြင်း၊အန္တရာယ်ရှိသည်ဟုထင်ရသည့်အခါကျောင်းအစ
ရှိသည့်ခိုလှုံသည့်နေရာတွင်ယာယီနေထိုင်နိုင်ပါသည်။အဆောက်အအုံများချက်ချင်းမပြိုကျနိုင်သည့်အခါ
ဆူနာမီမလာနိုင်သည့်အခါခိုလှုံသည့်နေရာသို့လိုအပ်သည့်အစားအစာများ၊အဝတ်အစားများကိုယူဆောင်သွားပါသည်။အရေးပေါ်ကျောပိုးအိတ်ကိုပြင်ဆင်ခဲ့သော်ချက်ချင်းပြေးနိုင်ပါသည်။
ခိုလှုံရမည့်နေရာနှင့်ပက်သက်၍အသေးစိတ်သိလိုပါကအောက်ပါဆောင်းပါးကိုကြည့်နိုင်ပါသည်။
避難所 https://social-b.net/baiyu/hinanzyo1001/
မိသားစုနှင့်သူငယ်ချင်းထံဆက်သွယ်သည့်အခါ
ငလျင်လှုပ်ပြီးနောက်လူများစွာသည်တစ်ဦးနှင့်တဦးဆက်သွယ်ရန်ကြိုးစားကြသောကြောင့်ဖုန်း၊အီးမေးလ်
သို့မဟုတ်စာပို့သောအပလီကေးရှင်းသည်ဆက်သွယ်ရန်ခက်ခဲပါလိမ့်မည်။စာပို့သည့်အခါအတတ်နိုင်ဆုံး
လိုရင်း(ဘေးကင်းပါသည်)(အဆင်ပြေပါသည်)လို့ရေးပြီးပို့သော်စာရောက်နိုင်ပါလိမ့်မည်။
ထို့ပြင်သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင်မက်ဆေ့ချ်နံပါတ်ရှိပါသည်။171ကိုနှိပ်ခဲ့သော်မက်ဆေ့ချ်ကိုအသံဖမ်းခြင်း၊နားထောင်ခြင်းများရနိုင်ပါသည်။လက်ကိုင်ဖုန်းကုမ္ပဏီများလည်းသဘာဝဘေးန္တရာယ်
မက်ဆေ့ချ်ဘုတ်ကိုပြင်ဆင်ထားသည့်အတွက်ကြိုတင်လေ့လာထားရအောင်။
အိမ်ပြန်သည့်အခါ
ကြီးမားသောငလျင်လှုပ်ပြီးနောက်ရထား၊ဘတ်စ်ကားများပြေးဆွဲမှုရပ်တန့်နိုင်ပါသည်။ထိုအချိန်တွင်အဝေးမှကုမ္ပဏီ၊ကျောင်းများသို့လာရောက်နေသူများဖြစ်ပါကအိမ်သို့မပြန်ပဲကုမ္ပဏီ၊ကျောင်းများတွင်ခေတ္တခဏစောင့်ဆိုင်းခြင်း၊ညအိပ်ခြင်းများကိုလည်းစဥ်းစားပါ။အရှေ့ဂျပန်ငလျင်လှုပ်ခတ်မှုအတွင်းရထားများတိုကျိုတွင်ပြေးမှုရပ်တန့်ခဲ့ပြီးလူအများအပြားသည်မိမိအိမ်သို့ရောက်ရှိရန်နာရီပေါင်းများစွာလမ်းလျှောက်ပြန်ခဲ့ကြသူများလဲရှိပါသည်။