ကိုဘေးတဝိုက်မှာ BBQလုပ်စားချင်သူများအတွက် နေရာကောင်းလေးများနှင့်ဘာတွေပြင်ဆင်ရမလဲဆိုတာ?
2025.06.25

ကိုဘေးတဝိုက်မှာ BBQလုပ်စားချင်သူများအတွက်နေရာကောင်းလေးများနှင့်ဘာတွေပြင်ဆင်ရမလဲဆိုတာ?
နွေဦးရာသီလည်းရောက်လာပြီးရာသီဥတုကလည်းတဖြည်းဖြည်းနဲ့ပူလာပါပြီ။ဒီလိုရာသီမှာတော့ အပြင်မှာBBQလုပ်စားရင်အတော်ပဲပေါ့နော်။သူငယ်ချင်းတွေ၊မိသားစုတွေနဲ့အတူနွေဦးရာသီရဲ့ လေလေးတဖြူးဖြူးနဲ့ BBQ လုပ်စားကြရအောင်နော်။ ဒီတစ်ခေါက်မှာတော့ကိုဘေးတဝိုက်မှာ BBQလုပ်စားချင်သူများအတွက်နေရာကောင်းလေးများနှင့်ဘာတွေပြင်ဆင်ရမလဲဆိုတာကို မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။
ကိုဘေးမြို့တဝိုက် BBQလုပ်စားချင်သူများအတွက် နေရာကောင်းလေးများ
ကိုဘေးမြို့မှာဆိုရင် BBQလုပ်စားဖို့ပန်းခြံတွေ၊သီးသန့်နေရာတွေအများကြီးရှိပါတယ်။
အောက်ပါနေရာတွေကတော့ မီးသုံးစွဲခွင့်ရတဲ့နေရာတွေ၊BBQပစ္စည်းတွေစုံလင်စွာရှိနေသော အဆောက်အဦး စတာတွေကိုရွေးချယ်မိတ်ဆက်ပေးထားပါတယ်။
- Sumaကမ်းခြေ
ထူးခြားချက်များ:
ပင်လယ်ပြင်ကို လှမ်းကြည့်ရင်း BBQ စားလို့ရမယ့် နာမည်ကြီးနေရာတစ်ခု။
ကြိုတင်ဘိုကင်လုပ်ထားရန်မလိုအပ်သော နေရာများလည်းရှိသောကြောင့် လွယ်လင့်တကူအသုံးပြုနိုင်ပါသည်။
အနီးတစ်ဝိုက်တွင် စူပါမားကတ်များနှင့် ကုန်စုံဆိုင်များ ရှိသောကြောင့် ပစ္စည်းများကို အလွယ်တကူဝယ်ယူနိုင်သည်။
လိပ်စာ- 1-1-4 Wakamiyacho၊ Suma-ku၊ Kobe City၊ Hyogo စီရင်စု
လမ်းညွှန်- JR Suma ဘူတာမှ 5 မိနစ် လမ်းလျှောက်ပါ။
- ရှိအဝဆဲနောမူရ (SHIAWASENOMURA)
ထူးခြားချက်များ:
သီးသန့် BBQ ဧရိယာဖြစ်ပြီး သဘာဝတရားဖြင့် ဝန်းရံထားသော ကျယ်ပြန့်သောပန်းခြံ။
မီးဖိုချောင်နှင့် စားပွဲများရှိသည့်အတွက် ဘာမှယူသွားရန်မလိုအပ်ပါ။
မိသားစုများနှင့် လူဦးရေအများကြီးအဖွဲ့လိုက်သွားမည်သူများအတွက် သင့်တော်ပါသည်။
လိပ်စာ- 1-1 Shiawase no Mura၊ Kita-ku၊ Kobe၊ Hyogo စီရင်စု
လမ်းညွှန်- Kobe Municipal မြေအောက်ရထားရှိ Seishin Chuo ဘူတာမှ ဘတ်စ်ကားဖြင့် မိနစ် 20 ခန့်။
- Rokkoတောင်ရဲ့ Country House BBQ Terrace
ထူးခြားချက်များ:
Rokko တောင် ၏ သဘာဝဖြင့် ဝန်းရံထားသော BBQ နေရာ။
ပါဝင်ပစ္စည်းများနှင့် စက်ကိရိယာအစုံများကို ငှားရမ်းအသုံးပြုနိုင်သောကြောင့် လက်ဗလာဖြင့် သွားလို့ရမည်ဖြစ်သည်။
နွေရာသီတွင် ဘီယာဥယျာဉ်ကိုလည်း ကျင်းပလေ့ရှိသည်။
လိပ်စာ- 4512-98 Kita Rokko၊ Rokkosan-cho၊ Nada-ku၊ Kobe City၊ Hyogo စီရင်စု
လမ်းညွှန်- Rokko Cable “Rokko Sanjo Station” မှ 15 မိနစ် ခြေလျင်လျှောက်ပါ။
BBQ အတွက်ပြင်ဆင်ရန်နှင့်စစ်ဆေးရန်အချက်များ
- BBQ ကိုပျော်ရွှင်စွာလုပ်စားဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုများကိုသေချာလုပ်ထားဖို့လိုအပ်ပါမယ်။ အောက်ပါစာရင်းဖော်ပြပါအချက်များကိုကြည့်ပြီး လိုအပ်သည်များကိုပြင်ဆင်ကြပါစို့။
- လိုအပ်သည့်အရာများ
✅ စားစရာများ (အသား၊အရွက်၊ပင်လယ်စာ၊ကြက်အူချောင်းစသဖြင့်)
✅ဟင်းခတ်အမွှေးကြိုင်များ(ဆား၊ငရုတ်ကောင်း၊အကင်ဆော့စ်၊ဆီစသဖြင့်)
✅မီးသွေး၊လောင်စာ၊မီ’ခြစ်(ယူသွားလို့ရမရနေရာကိုအရင်စစ်ဆေးပါ။)
✅BBQကင်စက်၊အကင်ပိုက်ကွန်(ငှားရမ်းလို့ရတဲ့နေရာများလည်းရှိပါတယ်။)
✅ရေခဲပုံး(သောက်စရာ၊အစားအသောက်များအအေးခံသိုလှောင်ရန်)
✅စက္ကူပန်းကန်ပြား၊တူ၊ခွက်
✅အကင်ညှပ်တံ၊ကော်ပြား၊ဓား၊စဥ်းနီတုန်း
✅အမှိုက်အိတ်(ကိုယ့်အမှိုက်ကိုယ်ပြန်သိမ်းပြီးပြန်ရတဲ့နေရာတွေလည်းအများကြီးရှိတာမလို့ပါ။)
- ရှိရင်ပိုပြီးBBQလုပ်ရလွယ်ကူတဲ့ပစ္စည်းများ
✅Sunscreen,ဦးထုတ် (အပြင်မှာအချိန်ကြာကြီးBBQလုပ်မယ်ဆိုရင်လိုအပ်)
✅ပိုးကောင်ဖြန်းဆေး (အထူးသဖြင့်နွေရာသီ)
✅အပန်းဖြေထိုင်ခုံ၊ခေါက်ထိုင်ခုံ
✅အပေါ်ထပ်အဝတ်အစား(တောင်တန်းနဲ့နီးတဲ့နေရာတွေမှာဆိုအပူချိန်ကျတတ်လို့ပါ)
BBQလုပ်ဖို့ပစ္စည်းတွေကိုဘယ်မှာဝယ်မလဲ?
ကိုဘေးမြို့မှာဆိုရင် လတ်ဆတ်တဲ့အစားအစာတွေကိုဝယ်ယူလို့ရမဲ့ စူပါတွေ၊ဈေးတွေအများကြီးရှိပါတယ်။
ဝယ်ယူလို့ရမဲ့နေရာကောင်းလေးများ
🛒 ကိုဘေးဂိုထောင်ဆိုင် (အများကြီးဝယ်ယူလိုသူများအတွက်တိုက်တွန်းပါတယ်။)
🛒 ဘေးမြောက်ဖက် Aeon Mall(BBQ set လိုက်ရရှိနိုင်ပါသည်။)
🛒 ကိုဘေးWholesale market (လတ်ဆတ်တဲ့ပင်လယ်စာတွေ၊အသားတွေရရှိနိုင်ပါတယ်။)
🛒မိမိနေတဲ့နေရာအနီးမှစူပါများ (Life, Maruai စသဖြင့်)
BBQပျော်ရွှင်စွာလုပ်စားဖို့သတိထားရမည့်အချက်များ
✅ စည်းကမ်းလိုက်နာရန် : သတ်မှတ်ထားတဲ့နေရာမှာပဲမီးကိုအသုံးပြုကြပါစို့။
✅မီးကိုသေချာငြိမ်းရန် :မီးငြိမ်းဖို့ရေကိုကြိုတင်ပြင်ဆင်ပြီး၊မီးသွေးအကျန်တွေကိုဖယ်ရှင်းရန်မမေ့ပါနှင့်။
✅ဆူညံသံများကိုသတိပြုရန် : ပတ်ဝန်းကျင်မှလူများကိုအနှောက်အယှက်မပေးမိစေရန်။
✅အမှိုက်တွေသိမ်းပြီးပြန်ရန် : ပတ်ဝန်းကျင်ကိုထိန်သိမ်းဖို့အတွက် သေချာသန့်ရှင်းကြပါမယ်။
အနှစ်ချုပ်
ကိုဘေးမြို့မှာ BBQ လုပ်စားရန်နေရာကောင်းများစွာရှိပါတယ်။သေသေချာချာကြိုတင်ပြင်ဆင်ပြီး လုံခြုံပျော်ရွှင်စွာ လုပ်စားကြပါစို့။ဒီနှစ်နွေရာသီမှာ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့အတူ အရသာရှိတဲ့ BBQ လုပ်စားကြလိုက်ရအောင်နော်။