အသုံးဝင်သောအချက်အလက်များ

ဂျပန်နိုင်ငံရဲ့ရွက်ဟောင်းကြွေရွက်သစ်ဝေခြင်းကိုခံစားရမဲ့ရာသီ

ဂျပန်နိုင်ငံရဲ့ရွက်ဟောင်းကြွေရွက်သစ်ဝေခြင်းကိုခံစားရမဲ့ရာသီ

 

ဆောင်းဦးအေးမြသော လေပြေများတိုက်ခတ်လာသောအချိန်တွင် ဂျပန်နိုင်ငံသည် တစ်နှစ်လုံးမှာ အလှဆုံးရာသီတစ်ခုဖြစ်သည့်မိုမိဂျိရာသီကိုရောက်ရှိလာပြီပဲဖြစ်ပါသည်။ သစ်ပင်များသည်အနီ၊အဝါနှင့်လိမ္မော်ရောင်အဖြစ်အရောင်ပြောင်းကာ၊ပန်းချီဆွဲထားသကဲ့သို့သောမြင်ကွင်းများကများပြားလှပါသည်။ဤကာလတွင်သဘာဝအလှတရားနှင့်ချစ်ခြင်းမေတ္တာဖြင့် စိတ်အေးချမ်းစွာနေထိုင်ရန် အထူးသင့်လျော်ပါသည်။

 

သစ်ရွက်များအရောင်ပြောင်းခြင်းကဘယ်အချိန်မှာစတင်သလဲ။

 

နေရာဒေသအလိုက်အချိန်ကွာခြားမှုရှိနိုင်ပါတယ်။ဟိုကိုင်ဒိုမှာစက်တင်ဘာလအစပိုင်းကမှ အရောင်စတင်ပြောင်းလာပြီး၊ တိုကျို၊ ကျိုတို၊ ကိုဘေးစတဲ့ ဟွန်းရှူးရှိ နေရာအများစုမှာ နိုဝင်ဘာလ အလယ်မှအဆုံးပိုင်းအထိအရွက်များအရောင်အပြောင်းဆုံးအချိန်ကိုရောက်ပါတယ်။နှစ်စဉ် ကြေညာသည့် “မိုမိဂျိခန့်မှန်းမြေပုံ” ကို နမူနာထားကြည့်မယ်ဆိုရင်တိတိကျကျသိရမှာပဲဖြစ်ပါတယ်။

紅葉前線のイラスト

တစ်နိုင်ငံလုံးရဲ့မိုမိဂျိကြည့်ရန်နေရာကောင်းများ

ကျိုတို-အာရာရှီယမနှင့်ခိရောမိဇုဘုရားကျောင်း၊ဘုရားကျောင်းအဟောင်းများနှင့်ဂျပန်ပန်းခြံများနှင့်မိုမိဂျိတို့အလှပေါင်းစပ်ကာ အံ့ဖွယ်အလှတရား။

တိုကျို-ရိခုဂိပန်းခြံ၊ရှင်းဂျုခုဂရော့အန်းပန်းခြံ

မြို့လယ်ခေါင်ဖြစ်ပြီးမိုမိဂျိကိုကြည့်ရှ့ခံစားနိုင်မဲ့လူကြိုက်များသည့်နေရာများ။

တိုချစ်ဂိ・နစ်ကိုNIKKO –

ကမ္ဘာအမွေစာရင်းဝင် ဘုရားကျောင်းများနှင့် သဘာဝဝန်းကျင်အလှတရားများ ပေါင်းစပ်ထားသော မိုမိဂျိသစ်ရွက်များအလှကို ခံစားရနိုင်သည့် နေရာ။

ဟိုကိုင်ဒိုး・Daisetsuzan – ဂျပန်နိုင်ငံတွင် အစောဆုံး မိုမိဂျိများကို ကြည့်ရှုနိုင်သည့် ဒေသအဖြစ် လူသိများသည်။

 

ကိုဘေးမြို့တွင် မိုမိဂျိကြည့်ရှူ့နိုင်မည့်နေရာများ

 

nunobikiပန်းခြံ- ကြိုးရထားစက်နှင့် တောင်ပေါ်သို့တက်ပြီး ကိုဘေးမြို့၏မြင်ကွင်းနှင့် သစ်ရွက်အရောင်များကို တပြိုင်နက်ဆုံခံစားနိုင်ပါသည်။

ဒိုင်ရီူဂျိ・ဆေဒိုးမား – ပေါ့ပေါ့ပါးပါး တောင်တက်ကာ သဘာဝသစ်ရွက်အရောင်တွေကို အနီးကပ်တွေ့မြင်ရမည့်နေရာ။

ကိုဘေးမြို့သစ်တောပန်းခြံ – အမျိုးမျိုးသစ်ရွက်အပင်များစိုက်ပျိုးထားပြီး တိတ်ဆိတ်ငြိမ်သက်စွာ လမ်းလျှောက်ဖို့အတွက် အကြံပြုပါသည်။

ဆောင်းဦးရာသီရဲ့အလှတရားကိုခံစားဖို့နည်းလမ်းများ

– လူကြပ်တာကို ရှောင်ချင်ရင် ရုံးဖွင့်ရက်တွင် သွားလည်ရန် အကြံပြုပါသည်။  縁側で紅葉を見る人のイラスト(カップル)

– ညဘက်တွင် အအေးကျနိုင်သဖြင့် လွယ်ကူသော အပေါ်ဝတ်တစ်စုံကို ယူသွားရင်စိတ်ချရပါတယ်။

–လမ်းလျှောက်ရလွယ်သောဖိနပ်ကိုစီးပါ။

–ကင်မရာနှင့်စမတ်ဖုန်းအားသွင်းဖို့ကိုမမေ့ပါနှင့်။

ဘယ်လိုလဲ?မိုမိဂျိကြည့်ခြင်းဟာရိုးရိုးမြင်ကွင်းမဟုတ်ဘဲဂျပန်နိုင်ငံရဲ့ဆောင်းဦးရာသီကိုအာရုံခံမှု၅မျိုးဖြင့်မ ခံစားနိုင်တဲ့ အထူးအတွေ့အကြုံ ဖြစ်ပါတယ်။ ကျိုတိုသို့မဟုတ် တိုကျိုသို့ သွားရင်လည်းအဆင်ပြေသလို၊ ကိုဘေးမှာပဲ အနီးကပ်ခံစားရင်လည်းအဆင်ပြေပါတယ်။ ‌သေချာပေါက်နှလုံးသားထဲမှာစွဲမက်ကျန်ရစ်စေမည့်အချိန်တစ်ခုဖြစ်မှာပါ။ဆောင်းဦးရာသီကို လုံးဝပျော်ရွှင်စွာခံစားပါ။