နိုင်ငံတကာယဥ်ကျေးမှုဖလှယ်ရေးစင်တာဖြစ်တဲ့Futaba International Plazza မှာ”tabunka hirometai” ရဲ့လေ့ကျင့်ရေးအစည်းအဝေးကိုကျင်းပခဲ့ပါတယ်၊၊
2026.01.06


Futaba International Plazza မှာဆိုရင်နိုင်ငံခြားသားဆရာတွေက မိမိနိုင်ငံနှင့်ပတ်သတ်တဲ့အကြောင်းအရာများကို ဂျပန်နိုင်ငံရှိကလေးထိန်းကျောင်းများ၊ကလေးစောင့်လျောက်ရေးစင်တာများတွင် ဖြင့်ရှင်းပြသင်ကြားခြင်းကိုပြုလုပ်တဲ့ အစီအစဥ်ဖြစ်တဲ့
”tabunka hirometai” ကိုပြုလုပ်ကျင်းပလေ့ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ ၂၀၂၄ခုနှစ်ရဲ့ နွေဦးရာသီသင်တန်းအနေနဲ့ ၆လပိုင်းမှာ ကလေးစောင့်ရှောက်ရေးစင်တာသို့သွားရောက်ရန်အတွက်
၅လပိုင်း၂၅ရက်နေ့မှာ”tabunka hirometai” ရဲ့လေ့ကျင့်ရေးအစည်းအဝေးကိုကျင်းပခဲ့ပါတယ်၊၊ အဲ့ဒီနေ့တွင်ပညာတော်သင်ကျောင်းသားများ၊အလုပ်လုပ်နေတဲ့သူများ၊ကလေးမိခင်များစသဖြင့် နိုင်ငံ၇နိုင်ငံမှ နိုင်ငံခြားသားဆရာစုစုပေါင်း ၁၃ ယောက် ပါဝင်ခဲ့ကြပါတယ်။
အကြောင်းအရာအနေနဲ့ကတော့ မနှစ်ကဒီအစီစဥ်မှာပါဝင်ခဲ့တုန်းက ကလေးထိန်းကျောင်းကဆရာတွေရဲ့ ကို မျှဝေခဲ့ပါတယ်၊၊နောက်ပြီး အတန်းငယ်တဲ့ကလေးများအတွက် လွယ်ကူတဲ့ဂျပန်စကားအသုံးအနှုန်း၊အကြောင်းအရာများနှင့်ပတ်သတ်ပြီး လေ့လာခဲ့ရပါတယ်။
လေ့ကျင့်ရေးပြီးတဲ့နောက်မှာတော့ လက်တွေ့သွားရမဲ့ ကလေးထိန်းစင်တာက သက်ဆိုင်ရာသူများနှင့်တွေ့ဆုံကာ အချိန်းအချက်များပြုလုပ်ခဲ့ပါတယ်။