အသုံးဝင်သောအချက်အလက်များ

အမှိုက်အမျိုးအစားခွဲ‌ခြင်း၊စွန့်ပစ်ခြင်းအခြေခံလမ်းညွှန်

အမှိုက်အမျိုးအစားခွဲ‌ခြင်း၊စွန့်ပစ်ခြင်းအခြေခံလမ်းညွှန်

ဂျပန်နိုင်ငံမှာနေထိုင်ဖို့ဆိုရင် အလွန်မရှိမဖြစ်လိုအပ်တဲ့”အမှိုက်ကိုခွဲခြားခြင်းနှင့်မှန်ကန်စွာစွန့်ပစ်ခြင်း” ပဲဖြစ်ပါတယ်။ ဒေသအလိုက် စည်းမျဉ်းများကွဲပြားတာကြောင့် အစပိုင်းမှာ ရှုပ်ထွေးမှုများတွေ့နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ရက်နှင့် အချိန်ကိုလိုက်ပြီး အမှိုက်ကိုသွားပစ်ရခြင်းဟာ အလွန်အရေးကြီးပါတယ်။ စည်းကမ်းများကိုလိုက်နာခြင်းအားဖြင့် အိမ်နီးနားခြင်းတွေနဲ့ ပြဿနာဖြစ်ခြင်းမှကာကွယ်နိုင်ပြီး စိတ်ချမ်းသာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။
ဤဆောင်းပါးတွင် အမှိုက်အမျိုးအစားများနှင့် အမှိုက်ပစ်စဉ်တွင် ဂရုစိုက်ရန်အချက်များ၊ အဆင်ပြေတဲ့စစ်ဆေးနည်းများကို စုစည်းပြီး မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
အဓိကအမှိုက်အမျိုးအစားများနှင့် ခွဲခြားပုံ
နေရာဒေသအလိုက်ခေါ်ပုံခေါ်နည်းနှင့် အသေးစိတ် စည်းမျဉ်းများကွဲပြားနိုင်သော်လည်း အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားထားကြပါတယ်။

  • မီးလောင်ကျွမ်းနိုင်တဲ့အမှိုက်

မီးဖိုချောင်ထွက်အမှိုက်၊စက္ကူစုတ်များ၊တစ်ရှူး၊စားသောက်ကုန်အခွံများ၊

ညစ်ပေနေသောပလစတစ်အမှိုက်များ(သန့်စင်လို့မရတဲ့အရာများ)

  • ပြန်လည်အသုံးပြုနိုင်သောအမှိုက်(လုပ်လို့ရတဲ့အမှိုက်)

ရေသန့်ဘူး(ဘူးခွံနဲ့အဖုံးကိုချွတ်ပြီးအတွင်းပိုင်းကိုရေနဲ့ဆေးပါမယ်)

သံဘူး၊ပုလင်း(အထဲကိုရေနဲ့စိမ်ပြီးအခြောက်ခံပါ)

သတင်းစာ၊စာစောင်၊ကတ်ထူ(တစ်စုတစ်စည်းထဲစည်းပြီးပစ်ပါ)

  • ပလစတစ်အမှိုက်များ(ထည့်စရာခွက်သုံးပလစတစ်များ)

မုန့်အခွံ၊ကြွပ်ကြွပ်အိတ်၊ဗန်း၊ပုလင်းများ

ပလစတစ်အမှတ်အသားရှိတဲ့အရာတွေ(သန့်ရှင်းအောင်ဆေးကြောဖို့အရေးကြီးပါတယ်)

  • မီးမလောင်ကျွမ်းနိုင်သောအမှိုက်များ

ပန်းကန်ကွဲ၊လျှပ်စစ်ပစ္စည်းအသေးစားများ၊မီးလုံး၊ငွေထည်ပစ္စည်းများ

နေရာ‌‌ဒေသကိုလိုက်ပြီးတစ်လမှတစ်ခါသာပစ်လို့ရတာမျိုးတွေရှိတတ်ပါတယ်။

  • အမှိုက်ကြီးများ

ပရိဘောဂပစ္စည်းများ၊အိပ်ယာခင်းများ၊စက်ဘီးများ

ပစ်ဖို့ကြိုပြီးအကြောင်းကြားရတာတွေ၊စတစ်ကာကပ်ရတာတွေရှိပါမယ်(မိမိရဲ့မြို့နယ်ရပ်ကွက်ရုံးမှာစစ်ဆေးရပါမည်)

အမှိုက်ပစ်တဲ့အခါအခြေခံစည်းမျဥ်းများ

  • ရက်နှင့်အချိန်

အမှိုက်အမျိုးအစားအပေါ်လိုက်ပြီးပစ်ရမည့်နေ့သတ်မှတ်ထားပါသည်။

ခန့်မှန်းခြေမနက်၈နာရီမတိုင်မိပစ်ရပါမည်။(ညဘက်ပစ်လို့မရတဲ့နေရာတွေများပါတယ်)

  • သတ်မှတ်ထားတဲ့အမှိုက်အိတ်

‌ဒေသအလိုက်သတ်မှတ်ထားတဲ့အမှိုက်အိတ်ကိုသုံးတာများပါတယ်(၂၄နာရီဖွင့်စတိုးဆိုင်တွေနဲ့စူပါတွေမှာဝယ်ယူလို့ရပါတယ်)

အိတ်အ‌ရောင်နဲ့ပုံစံတွေမတူတာမလို့၊အိမ်ပြောင်းတဲ့အခါစစ်ဆေးဖို့လိုပါတယ်။

  • အမှိုက်ထားရာနေရာ များ
    ကွန်ဒိုတိုက်ခန်း များ နှင့် တိုက်ခန်း များ တွင် အဆောက်အအုံ အတွင်း သီးသန့် စုဆောင်း ထား တဲံ နေရာ တစ် ခု ထားရှိ လေ့ ရှိပါ သည်
    လုံးခြင်းအိမ်များနှင့် ဒေသအချို့တွင် အနီးအနားရှိ နေရာတစ်ခုတွင် ထားလေ့ရှိပါသည်။
    အမှိုက်အမျိုးအစားခွဲခြင်းနှင့်ပတ်သက်၍ နားမလည်ပါကဘယ်လိုလုပ်ရမလဲ?
    ” ဒါ ဟာ လောင်ကျွမ်း နိုင် သော အမှိုက် လား၊ recycleလုပ်လို့ရတဲ့အမှိုက်များ လား ။ ” သံသယရှိပါက အောက်ပါနေရာများတွင်စစ်ဆေးနိုင်ပါသည်။
    • ဒေသခံ အစိုးရ ဝက်ဘ်ဆိုက်များ
    “အမှိုက်အမျိုးအစား ခွဲခြားခြင်းအဘိဓာန် “၊”အက္ခရာစာလုံးဖွေနိုင်သောစာမျက်နှာများရှိသည်
    • Appများကိုအသုံးပြုပါ
    ” gomisuke ” နှင့် ” sana-ru” ကဲ့သို့သော ‌ဒေသဆိုင်ရာAppicationများကိုလည်းအသုံးပြုနိုင်ပါသည်။
    ပစ္စည်းတစ်ခုကို ထည့်လိုက်ပါက မည်သည့်အမှိုက်အမျိုးအစားလည်းဆိုတာကို ချက်ချင်းသိနိုင်သည်!
    • အမှိုက်ပြက္ခဒိန်
    မြို့နယ်များစွာသည် လစဉ်ပြက္ခဒိန်များကို ဖြန့်ဝေလေ့ရှိပါသည်။
    အိမ်မှာရှိတဲ့ ရေခဲသေတ္တာမှာ ကပ်ထားပါက အဆင်ပြေတယ်။
    အိမ်ပြောင်းသည့်အခါ အမှိုက်ကြီးများကို စွန့်ပစ်နည်း
    •အိမ် ပြောင်းသည့်အခါ
    အမှိုက် အမြောက်အမြား ကို တစ်ပြိုင်နက် ပစ် လိုက် လျှင် အနှောင့်အယှက် ဖြစ် နိုင်သည်
    အမှိုက်ကြီးများနှင့် မလိုအပ်သောပစ္စည်းများကို စီစဉ်ထားသည့်နည်းဖြင့် စွန့်ပစ်ပါ
    • အမှိုက်ကြီးတွေကို စွန့်ပစ်ပုံ (ဥပမာ)
    ၁. ဒေသခံအစိုးရ၏ ဝက်ဘ်ဆိုက်တွင် သို့မဟုတ် ဖုန်းဖြင့်အရင် လျှောက်ထားပါ
    ၂.၂၄နာရီစတိုးဆိုင်များတွင် သတ်မှတ်ထားသော အမှိုက်စတစ်ကာများကို ဝယ်ယူပါ။
    ၃. အမှိုက်ကောက်ခံသည့်နေ့နံနက်တွင် တင်ပါ
    * ရေခဲသေတ္တာ နှင့် တီဗွီ ကဲ့သို့ အိမ် သုံး ပစ္စည်း များ ကို ” အိမ် သုံး ပစ္စည်း ပြန်လည် အသုံးပြု ခြင်း ဥပဒေ ” ကို အခြေခံ ၍ စွန့်ပစ် ရ မည် ။ လျှပ်စစ်ပစ္စည်း လက်လီဆိုင် သို့မဟုတ် သတ်မှတ်ထားသော ကောက်ယူသည့်နေရာသို့ ။

မကြာခဏဖြစ်ပေါ်သောပြဿနာများနှင့်သတိထားစရာအချက်အလက်များ
အမှိုက်အိတ်မှားခြင်း၊အမှိုက်အမျိုးအစားခွဲခြားခြင်းမှားယွင်းမှု → အမှိုက်မသိမ်းသွားပဲ၊ သတိပေးစာများကပ်ပေးနိုင်သည်
စုဆောင်းရက်မတိုင်မီနေ့တွင်ထုတ်ထားခြင်း → ကျီးကန်းတွေကြောင်တွေရဲ့ဖျက်စီးခံရနိုင်မှုဖြစ်စေသည်
တခြားသူတို့အိမ်ရှေ့တွင်ခွင့်မပြုဘဲထုတ်ခြင်း → အငြင်းပွားမှုရင်းမြစ်ဖြစ်သည်
အနည်းငယ်ကြိုးစားမှုဖြင့်အမှိုက်ထုတ်တာကိုပိုလွယ်ကူစေသည်!
အမှိုက်ပုံးများကို အမျိုးအစားအလိုက်ခွဲခြားပြီး ထားရန်
ဖုန်းcalenderတွင်အမှိုက်ပစ်ရက်ကိုမှတ်ထားရန်
ဘာအမှိုက်အမျိုးအစားလည်းအသိပါက ဓါတ်ပုံရိုက်ပြီး နောက်မှသေချာစွာစစ်ဆေးရန်
စတိုးဆိုင်များနှင့်စူပါမားကက်များ၏ပြန်လည်အသုံးပြုပစ္စည်းများစွန့်ပစ်ရာနေရာများကိုလည်းအသုံးချပါ!
ကဲဘယ်လိုနေလဲ? အမှိုက်ထုတ်နည်းသည် “နေ့စဥ်ဘဝအတွက်တစ်စိတ်တစ်ပိုင်း” ဖြစ်သည်။ သေချာစွာလိုက်နာခြင်းဖြင့် အိမ်နီးချင်းနှင့်အငြင်းပွားမှုများကိုကာကွယ်နိုင်ပြီး ပတ်ဝန်းကျင်ကိုလည်းကျင်နာရာရောက်ပါတယ်။ အစပိုင်းတွင် မှတ်သားရခက်နိုင်သော်လည်း စည်းမျဥ်းများကိုနားလည်သွားပါက အဆင်ပြေသွားမည်ဖြစ်ပါသည်။