နွေဦးရာသီမှာအဖြစ်များတဲ့ပန်းဝတ်မှုန်ရောဂါကိုဘယ်လိုကာကွယ်ကြမလဲ?
2026.03.14

ဂျပန်ရဲ့နွေဦးရာသီဟာ နွေးနွေးလေးနဲ့အရမ်းနေလို့ကောင်းတဲ့ရာသီဆိုပေမဲ့လည်း တပြိုင်ထဲမှာ ပန်းဝတ်မှုန်ရောဂါကိုပူပန်နေရသူတွေလည်းတိုးလာပါတယ်။
နှစ်စဉ်ဒီအချိန်ရောက်လာပြီဆိုရင် နှာချေခြင်း၊ နှာရည်ကျခြင်း၊ မျက်စိယားယံခြင်း စသည့်လက္ခဏာများကိုခံစားရသူများ များစွာ ရှိနိုင်ပါသည်။
ပန်းဝတ်မှုန်ရောဂါဆိုတာဘာလဲ?
ပန်းဝတ်မှုန်ရောဂါဆိုသည်မှာ လေထဲတွင်ပျံနေသော ပန်းမှုန့်များကို
ခန္ဓာကိုယ်က အလွန်အကျွံ တုံ့ပြန်ရာမှ ဖြစ်ပေါ်သော အလက်ဂျစ်ကို
ဆိုလိုခြင်းပဲဖြစ်ပါသည်။ဂျပန်နိုင်ငံတွင် စူဂီနှင့် ဟိနိုကီ ပန်းမှုန့်များက
ပန်းဝတ်မှုန်ရောဂါရဲ့ အဓိက အကြောင်းရင်းအနေနှင့် သတ်မှတ်ထားသည်။


အဓိက ရောဂါလက္ခဏာများ
ပန်းဝတ်မှုန်ရောဂါ ဖြစ်တဲ့အခါ၊ အောက်ပါ ရောဂါလက္ခဏာများကို အများဆုံးတွေ့ရပါသည်။
• နှာခြေတာမရပ်နိုင်ခြင်း
• နှာရည်ကျခြင်းနှင့် နှာခေါင်းပိတ်ခြင်း
• မျက်လုံးယားယံခြင်း၊ မျက်စိနီလာခြင်း၊ မျက်ရည်ကျခြင်း
• လည်ချောင်းယားယံလာခြင်း
• ထိုင်းမှိုင်းလာခြင်း၊ အာရုံစူးစိုက်နိုင်မှုကျဆင်းခြင်း

ရောဂါလက္ခဏာအနည်းအများကတော့ လူအပေါ်မူတည်ပါတယ်။
ပန်းဝတ်မှုန်များ အများဆုံးသောကာလ
ဒေသအလိုက်ကွာခြားမှုရှိနိုင်ပေမယ့်၊ အများအားဖြင့်အောက်ပါကာလများတွင် ပန်းဝတ်မှုန်များစွာရှိတတ်ပါသည်။
ဖေဖော်ဝါရီမှ မတ်လအထိ – စူဂိ ပန်းဝတ်မှုန်
မတ်လမှ ဧပြီလအထိ – ဟီနိုကိ ပန်းဝတ်မှုန်
နေသာပြီး လေပြင်းတဲ့ရက်များတွင် ပန်းဝတ်မှုန်ပမာဏ ပိုများလေ့ရှိသည်။
နေ့စဉ်ဘဝတွင်ဆောင်ရွက်နိုင်သော ကာကွယ်နည်းများ
ပွင့်ဝတ်မှုန်ရောဂါရဲ့ရောဂါလက္ခဏာများကို သက်သာစေရန်၊ နေ့စဉ်ဘဝတွင်ဆောင်ရွက်နိုင်သော လုပ်ဆောင်ချက်များကလည်း အရေးကြီးပါသည်။

•အပြင်ထွက်ချိန်တွင်မတ်စ်ကိုတပ်ဆင်ပါ။
• ပန်းဝတ်မှုန်ကိုကာကွယ်ရန် မျက်မှန်တပ်ပါ။
• အိမ်ကိုပြန်လာတိုင်းလက်ဆေး၊ ပလုတ်ကျင်း၊မျက်နှာသစ်ပါ။
• အပြင်မှာမှာပန်းဝတ်မှုန်များကိုခါချပြီးမှအိမ်ထဲဝင်ပါ။
• ပန်းဝတ်မှုန်များအများအပြား လွင့်သောနေ့တ္ငင် အဝတ်လျှော်စရာများကို အိမ်ထဲတွင်လှန်းပါ။
ရောဂါလက္ခဏာကြီးမားစွာခံစားနေရတဲ့အခါ
ရောဂါလက္ခဏာကြီးမားစွာခံစားနေရတဲ့အခါမှာ သည်းခံမနေပဲ ကိုင်တွယ်ဆောင်ရွက်သင့်ပါတယ်။
- ဆေးဆိုင်မှာ ရောင်းတဲ့ဆေးဝယ်ယူပါ။
- နားနှင့်လည်ချောင်းဆိုင်ရာ ကိုကုသမှုခံယူပါ။
- ပန်းဝတ်မှုန့်သတင်းအချက်အလက်များကို စစ်ဆေးပြီး လှုပ်ရှားသွားလာမှုကို ညှိယူပါ။
ပန်းဝတ်မှုန်ရောဂါစည်ည် ဂျပန်နိုင်ငံရဲ့ နွေဦးရာသီတွင် အလွန်ထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါတယ်။ကြိုတင်ကာကွယ်မှုများလုပ်ခြင်းအားဖြင့် နေ့စဉ်ဘဝကို ပိုမို လွယ်ကူစေနိုင်ပါသည်။