ပင်စင်ဆိုတာဘာလဲ?
2024.11.22
↑↑
ဂျပန်ရဲ့ပင်စင်(အများပြည်သူပင်စင်)ဆိုသည်မှာအဘယ်နည်း?
- ပင်စင်သည်လစဥ်သတ်မှတ်ထားသောအာမခံကြေးကိုပေးဆောင်မည့်အစားသင်အသက်၆၅နှစ်ပြည့်ပြီးနောက်အစိုးရထံမှငွေလက်ခံရရှိမည့်လူမှုအာမခံတခုဖြစ်သည်။အသက်အရွယ်ကြီးရင့်လာ
ခြင်းအပြင်မတော်တဆမှုကြောင့်မသန်မစွမ်းဖြစ်သည့်အခါသို့မဟုတ်မိသားစုဝင်တစ်ဦး
(အဓိကဝင်ငွေကိုရရှိသူ)ကသေဆုံးပြီးမျှော်လင့်မထားသောငွေကြေးအခက်အခဲများနှင့်
ရင်ဆိုင်ရသောအခါပင်စင်ခံစားခွင့်ရရှိမည်ဖြစ်သည်။ပင်စင်အမျိုးအစားနှစ်မျိုးရှိသည်။
ပြည်သူ့ပင်စင်များနှင့်ပုဂ္ဂလိကကဏ္ဏမှပေးသောပင်စင်များ(တဦးချင်းပင်စင်)
ရှိသည်။ဤစာမျက်နှာတွင်ပြည်သူ့ပင်စင်နှင့်ပက်သက်၍ရှင်းပြပေးသွားမည်ဖြစ်သည်။
မည်သို့သောသူများကပြည်သူ့ပင်စင်နှင့်အကျူံးဝင်ပါသလဲ?
- ဂျပန်တွင်နေထိုင်သောအသက်၂၀နှင့်အထက်အသက်၆၀ကြားလူများအားလုံးအကျူံးဝင်ပါသည်။
နိုင်ငံခြားသားများလည်းပါဝင်ပါသည်။
အမျိုးသားပင်စင်နှင့်ပက်သက်၍ရှင်းပြပေးပါ။
- အမျိုးသားပင်စင်ကိုအခြေခံပင်စင်ဟုခေါ်ပြီးလူတိုင်းမဝင်မနေရပါ။အမျိူးအစား၃မျိူးခွဲခြားထားသည်။
1.အမျိုးအစား ၁ အာမခံထားသူ
အကျုံးဝင်သူ:လယ်သမားများ၊ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူများ၊ကျောင်းသားများ၊အလုပ်လက်မဲ့များစ
သည်ဖြင့်အသက်၂၀မှ၆၀နှစ်အောက်များ၊ဥပမာအားဖြင့်၎င်းတို့၏ကိုယ်ပိုင်ကုမ္ပဏီသို့မဟုတ်ဆိုင်များကို
လည်ပတ်နေသူများသည်ဤအမျိုးအစားထဲပါဝင်ပါသည်။လစဥ်သတ်မှတ်ထားသောအာမခံကြေး
(ယမ်း၁၆၆၁၀)ကိုပေးဆောင်ရပါမည်။ဂျပန်အာမခံဝန်ဆောင်မှုပေးသောရုံးမှငွေပေးချေလွှာကိုစာအိတ်
ကိုပေးပို့မည်ဖြစ်ပါသဖြင့်ဘဏ်၊စာတိုက်နှင့်ကွန်ဘီနီစတိုးဆိုင်များတွင်ပေးဆောင်နိုင်ပါသည်။ဘဏ်မှ
ငွေလွှဲခြင်းခရက်ဒစ်ကတ်ဖြင့်ငွေလွှဲခြင်းဖြင့်လဲပေးဆောင်နိုင်ပါသည်။ကြိုတင်ငွေပေးချေခြင်းဖြင့်ပေး
ဆောင်ပါကအနည်းငယ်စျေးသက်သာမည်ဖြစ်သည်။ဘဏ်မှငွေပေးချေခြင်းဖြင့်ကြိုတင်ငွေပေးဆောင်
သော်အထူးစျေးသက်သာပါသည်။
2. အမျိုးအစား ၂ အာမခံထားသူ
အကျုံးဝင်သူ:ကုမ္ပဏီဝန်ထမ်း၊အစိုးရဝန်ထမ်းအစရှိသဖြင့်
ဤအမျိုးအစားသည်ဝန်ထမ်းများ၏ပင်စင်အစီအစဥ်ဖြင့်အကျုံးဝင်သောကုမ္ပဏီတစ်ခုတွင်အချိန်ပြည့်ဝန်ထမ်းများအဖြစ်အလုပ်လုပ်နေသူများအကျုံးဝင်ပါသည်။အကယ်၍
သင်သည်အချိန်ပိုင်းဝန်ထမ်းဖြစ်လျှင်ပင်သတ်မှတ်နာရီအရေအတွက်ထက်ပိုကြာအောင်
အလုပ်လုပ်ပါကသို့မဟုတ်တနှစ်ထက်ပို၍အလုပ်လုပ်ပြီးလုပ်ခသည်သတ်မှတ်ထားသည့်
ပမာဏထက်ကျော်လွန်နေပါကဝန်ထမ်းပင်စင်နှင့်သက်ဆိုင်မည်ဖြစ်သည်။(ကျောင်းသားများနှင့်မသက်ဆိုင်ပါ)။ဝန်ထမ်းပင်စင်၏အာမခံကြေးကိုကုမ္ပဏီကသင့်
လစာမှနှုတ်၍ပေးဆောင်ပေးပါမည်။
3.အမျိုးအစား ၃ အာမခံထားသူ
အကျုံးဝင်သူ:အမျိုးအစား၂အာမခံထားသူများ(ဝန်ထမ်းပင်စင်တွင်ဝင်ထားသူ
များ)မှီခိုနေသူအသက်၂၀အထက်နှင့်အသက်၆၀ကြားအိမ်ထောင်ဖက်(နှစ်စဥ်ဝင်ငွေ
သောင်း၁၃၀အောက်)
အမျိုးအစား၃ပါလူများသည်မည်သည့်အာမခံကြေးမှပေးဆောင်ရန်မလိုပါ။
အမျိုးသားပင်စင်နှင့်ဝန်ထမ်းပင်စင်ရဲ့ကွာခြားပုံကိုရှင်းပြပေးပါ။
- အမျိုးသားပင်စင်(အခြေခံပင်စင်)ဆိုသည်မှာအသက်၂၀မှအသက်၆၀အတွင်းရှိလူအားလုံးဝင်ရ
မည်ဖြစ်ပြီးဝန်ထမ်းပင်စင်ကိုဝင်ထားသူများသည်အမျိုးသားပင်စင်အပြင်ဝန်ထမ်းပင်စင်နှင့်ညီမျှသောပင်စင်ကိုပါရရှိမည်ဖြစ်သည်။ဂျပန်နိုင်ငံ၏အများသူဌာပင်စင်စနစ်သည်နှစ်ထပ်ဖြစ်သည်ဟုဆိုကြပါသည်။အများသောအားဖြင့်ဝန်ထမ်းပင်စင်ကိုဝင်ထားကြသူများသည်ပင်စင်ခံစားခွင့်ပိုမိုရရှိကြမည်ဖြစ်သည်။
အမျိုးသားပင်စင်အမျိုးအစားများကိုရှင်းပြပေးပါ။
- သက်ကြီးပင်စင်၊မသန်မစွမ်းပင်စင်နှင့်ကျန်ရစ်သူပင်စင်ဟူ၍အမျိုးအစား၃မျိုးရှိပါသည်။
1.သက်ကြီးပင်စင်
ပင်စင်ကို၁၀နှစ်နှင့်အထက်ပေးဆောင်သူများသည်အသက်၆၅နှစ်နောက်ပိုင်းတွင်ပြန်လည်ထုတ်ယူနိုင်ပါ
သည်။ပင်စင်ကိုကာလကြာရှည်စွာပေးဆောင်သူများသည်ပြန်လည်ရရှိမည့်ငွေပမာဏပိုများမည်ဖြစ်သည်။
အမျိုးသားပင်စင်ကိုဝင်ထားသူများသည်(သက်ကြီးပင်စင်)ကိုရရှိပါမည်။ရရှိမည့်ငွေပမာဏကတော့နှစ်
၄၀ဆက်တိုက်ပင်စင်အာမခံကိုပေးဆောင်ခဲ့သော်တနှစ်လျှင်၇၈၀၉၀၀ယမ်းဖြစ်ပါသည်။(မပေးဆောင်ခဲ့သော်ကာလ၊ကင်းလွတ်ခွင့်သို့မဟုတ်ရွေ့ဆိုင်းခြင်းကာလများရှိပါကထိုပမာဏနှင့်အညီလျှော့ချခြင်းခံရ
မည်)။ဝန်ထမ်းပင်စင်ဝင်ထားသူများသည်「သက်ကြီးဝန်ထမ်းများ၏ပင်စင်」လက်ခံရရှိမည်ဖြစ်သည်။
ရရှိမည့်ငွေပမာဏသည်လစာ၏ပမာဏနှင့်ပင်စင်အာမခံကိုပေးဆောင်ခဲ့သည့်ကာလအိမ်ထောင်ဖက်ရှိမရှိ
ကလေးအရေအတွက်ဖြင့်သတ်မှတ်ပါမည်။
2.မသန်မစွမ်းပင်စင်
ရောဂါနှင့်ထိခိုက်ဒဏ်ရာကြောင့်မသန်စွမ်းခြင်းဖြစ်ခဲ့သော်ပင်စင်ရရှိပါမည်။အမျိုးသားပင်စင်သည်「မသန်စွမ်းအခြေခံပင်စင်」၊ဝန်ထမ်းပင်စင်ဝင်ထားသူသည်「မသန်စွမ်းအခြေခံပင်စင်」ရရှိမည်
ဖြစ်သည်။၎င်းသည်၁၀နှစ်နှင့်အထက်အာမခံကြေးပေးဆောင်ထားခြင်းရှိရန်မလိုအပ်ပါ။ရရှိမည့်ငွေပမာဏမှာမသန်စွမ်းအခြေခံပင်စင်သည်နှစ်စဥ်၇၈၀,၉၀၀ယမ်းကိုမသန်စွမ်းမှုအတိုင်းအတာနှင့်ကလေးအရေအ
တွက်ဖြင့်ဆုံးဖြတ်သည်။(၇၈၀,၉၀၀ယမ်း×မသန်စွမ်းမှုအတိုင်းအတာ+ကလေးအရေအတွက်)မသန်စွမ်း
ဝန်ထမ်းပင်စင်သည်မသန်စွမ်းမှုအတိုင်းအတာနှင့်ဝင်ငွေပမာဏနှင့်ပင်စင်အာမခံကိုပေးဆောင်သည့်ကာလ
အိမ်ထောင်ဖက်ရှိမရှိဖြင့်ဆုံးဖြတ်ပါသည်။
*ကလေးများအတွက်အပိုငွေပမာဏ
ပထမကလေးနှင့်ဒုတိယကလေး:၂၂၄,၇၀၀ယမ်း/နှစ်,တတိယကလေးနှင့်အထက်:၇၄,၉၀၀ယမ်း/နှစ်
3.ကျန်ရစ်သူပင်စင်
ပင်စင်ဝင်ထားသူတဦးသေဆုံးသောအခါထိုသူထောက်ပံ့ပေးနေသောကျန်ရစ်သူမိသားစုမှာအကျိုးခံစားခွင့်ကိုရရှိမည်ဖြစ်သည်။အမျိုးသားပင်စင်ကိုထားရှိပါက「ကျန်ရစ်သူအခြေခံပင်စင်」၊အကယ်၍
သင်သည်အလုပ်သမားပင်စင်ကိုထားရှိပါက「ကျန်ရစ်သူဝန်ထမ်းပင်စင်」ကိုရရှိမည်ဖြစ်သည်။
ကျန်ရစ်သူအခြေခံပင်စင်ဖြစ်ခဲ့သော်ပင်စင်ကိုလက်ခံရရှိမည့်သူသည်ကွယ်လွန်သူ၏အိမ်ထောင်ဖက်
သို့မဟုတ်၁၈နှစ်အောက်ကလေးဖြစ်သည်။ကျန်ရစ်သူဝန်ထမ်းပင်စင်ထားရှိပါကပင်စင်ကိုလက်ခံရရှိ
မည့်သူသည်အိမ်ထောင်ဖက်သို့မဟုတ်ကလေး၊မိဘ၊မြေး၊အဖိုးအဖွားဖြစ်သည်။(ခြွင်းချက်ရှိပါသည်)
ကျန်ရစ်သူအခြေခံပင်စင်ကိုရရှိနိုင်မည့်ငွေပမာဏမှာနှစ်စဥ်၇၈၀,၉၀၀ယမ်းကိုအခြေခံထား၍ကလေး
အရေအတွက်ပေါ်မူတည်၍သတ်မှတ်ပါသည်။(၇၈၀,၉၀၀ယမ်း+ကလေးအရေအတွက်)ကျန်ရစ်သူဝန်ထမ်းပင်စင်ကိုရရှိမည့်ငွေပမာဏမှာဝင်ငွေပမာဏနှင့်ပင်စင်အာမခံပေးဆောင်သည့်ကာလအလိုက်
ဆုံးဖြတ်သည်။
*ကလေးများအရေအတွက်ငွေပမာဏ
ပထမကလေးနှင့်ဒုတိယကလေး၂၂၄,၇၀၀ယမ်း/နှစ်၊တတိယကလေးနှင့်အထက်၇၄,၉၀၀ယမ်း/နှစ်
ပင်စင်ကိုဘယ်လိုဝင်ရမလဲ?
- အမျိုးသားပင်စင်သည်နေထိုင်သူမှတ်ပုံတင်ပြီးနောက်ရပ်ကွက်ရုံးရှိအမျိုးသားပင်စင်ကောင်တာတွင်လျှောက်ရပါမည်။ဝန်ထမ်းပင်စင်မှာသင်အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီမှလျှောက်ပေးပါမည်။
ပိုက်ဆံမရှိလို့ပင်စင်အာမခံမပေးဆောင်နိုင်ပါ။ဘယ်လိုလုပ်ရပါ့မလဲ?
- သင့်ဝင်ငွေပေါ်မူတည်၍သင်သည်ပင်စင်အာမခံငွေပေးချေမှုကို(ကင်းလွတ်ခွင့်)သို့မဟုတ်(ရွေ့ဆိုင်းခြင်း)ကိုလက်ခံပေးပါလိမ့်မည်။ကင်းလွတ်ခွင့်အမျိုးအစားနှစ်မျိုးရှိသည်။အပြည့်အဝကင်းလွတ်
ခွင့်သို့မဟုတ်(၇၅%၊၅၀%၊၂၅%)ရှိပါသည်။ကျောင်းသားဖြစ်ပါကပင်စင်အာမခံပေးဆောင်မှုကို
ရွေ့ဆိုင်းနိုင်သည်။ကင်းလွတ်ခွင့်ဖြစ်စေရွေ့ဆိုင်းခွင့်ဖြစ်စေသင်ပြန်ရရှိမည့်ပမာဏမှာလျော့နည်း
မည်ဖြစ်သည်။
ဂျပန်တွင်ပင်စင်အာမခံကိုပေးဆောင်ခဲ့သော်လည်းကိုယ့်နိုင်ငံကိုပြန်လာခဲ့ပါသည်။ ပင်စင်ကဘယ်လိုဖြစ်မလဲ?
- ပင်စင်အာမခံကို၆လနှင့်အထက်ပေးဆောင်ခဲ့ပါကတလုံးတခဲငွေပေးချေမှုကိုလက်ခံရရှိပါမည်။
ပင်စင်အာမခံပေးဆောင်မှုကြာမြင့်ခဲ့ပါကရရှိမည့်ပမာဏမှာများမည်ဖြစ်သည်။ဂျပန်ပြည်တွင်း
မှာလိပ်စာမရှိသည်မှ၂နှစ်အတွင်းလျှောက်ထားနိုင်ပါသည်။
ဂျပန်သို့မလာခင်မိမိနိုင်ငံတွင်ပင်စင်ဆောင်ခဲ့ပါသည်။ဂျပန်ရဲ့ပင်စင်နှင့်သက်ဆိုင်မှုရှိပါသလား?
- သင့်နိုင်ငံရှိပင်စင်အာမခံကြေးများကိုပေးဆောင်သည့်ကာလနှင့်ဂျပန်တွင်ပေးဆောင်သည့်ကာလကိုပေါင်း၍တွက်ချက်နိုင်ပါသည်။ဂျပန်နှင့်လူမှုဖူလုံရေးသဘောတူညီချက်ထားရှိသော်နိုင်ငံများ
ဖြစ်ပါကဖြစ်နိုင်ပါသည်။လူမှုဖူလုံရေးသဘောတူညီချက်ထားရှိသောနိုင်ငံများမှာတရုတ်၊ကိုးရီးယားအစရှိသဖြင့်နိုင်ငံပေါင်း၂၀ရှိပါသည်။
အသေးစိတ်သိလိုသော်အောက်တွင်စုံစမ်းနိုင်ပါသည်။
<<https://www.nenkin.go.jp/service/shaho-kyotei/20141125.html>>
ကုမ္ပဏီဝန်ထမ်းအနေဖြင့်အလုပ်လုပ်ပြီးဝန်ထမ်းပင်စင်ကိုဝင်ခဲ့သော်လည်းအလုပ်မှထွက်လိုက်သော်ပင်စင်ကဘယ်လိုဖြစ်ပါမလဲ?
- သင်သည်ဝန်ထမ်းပင်စင်မှနှုတ်ထွက်ပြီးနောက်အမျိုးသားပင်စင်သို့ဝင်ရန်မဖြစ်မနေလျှောက်ရပါ
မည်။ဂျပန်ပင်စင်ရုံးမှစာရောက်လာမည်ဖြစ်၍ထိုစာအိတ်ထဲမှအရေးကြီးသောစာရွက်စာတမ်းများကိုဖြည့်စွက်ပြီးပေးပို့ရပါမည်။
နိဂုံး
သင်ဝင်ရမည့်ပင်စင်ရရှိမည့်ပင်စင်အမျိုးအစား၊အခြေအနေ၊ငွေပမာဏမှာတဦးချင်းအခြေအနေပေါ်မူတည်၍ကွဲပြားမည်ဖြစ်သော်ကြောင့်အသေးစိတ်အချက်များကိုသိရှိလိုပါကရပ်ကွက်ရုံးရဲ့အမျိုးသားပင်စင်
ကောင်တာတွင်လည်းကောင်းပင်စင်ဌာနတွင်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ဝန်ထမ်းပင်စင်နှင့်ပက်သက်၍
ကုမ္ပဏီသို့မေးမြန်းနိုင်ပါသည်။
ထို့အပြင်ဂျပန်ပင်စင်ဝန်ဆောင်မှုဝဘ်ဆိုဒ်များတွင်စာရွက်စာတမ်းများရှိပါသဖြင့်လေ့လာနိုင်ပါသည်။
https://www.nenkin.go.jp/service/pamphlet/kaigai/kokunenseido.files/1Japanese.pdf
မေးခွန်းများမေးလိုသော်(မေးခွန်း)မှမေးမြန်းနိုင်ပါသည်။
https://social-b.net/baiyu/question-box