အခွန်ဖြတ်စလစ် (げんせんちょうしゅうひょう) ၏ ဖတ်နည်း
2024.11.26
နှစ်စဉ် ဒီဇင်ဘာလ၌မိမိ လုပ်ကိုင်နေသည့် ကုမ္ပဏီထံမှ (げんせん ちょうしゅう ひょう) ဟုခေါ်သော စာရွက်ကို ရရှိပါသည်။ ၎င်းတွင်ရေးသားထားသည့် အချက်အလက်များကို နားလည်ရန်နှင့် အချက်အလက်များမှန်ကန်ခြင်းကို သေချာစွာ စစ်ဆေးပါ။
အခွန်ဖြတ်စလစ်ဆိုသည်မှာ၊ ၁နှစ်တာ (ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ) အတွင်း ကုမ္ပဏီမှ သင့်အား ဘယ်လောက်လစာပေးဆောင်ခဲ့သည်ကိုး၊ သင်ဘယ်လောက်ဝင်ငွေခွန်ပေးဆောင်ခဲ့သည်ကိုး သိရှိနိုင်သော စာရွက်စာတမ်းဖြစ်သည်။
ဝင်ငွေခွန်အကြောင်း ပထမဆုံးနားလည်ရမည့်အချက်များ
ဝင်ငွေခွန်သည် သင့်၏ နှစ်ပေါင်းဝင်ငွေအားလုံးကို “နှစ်ပေါင်းဝင်ငွေ၏ ဘယ်နှစ်ရာခိုင်နှုန်း” ဟုတွက်ချက်ခြင်းမဟုတ်ပါ။ သင့်အတွက် “မိသားစုဝင်များရှိသလား”၊ “မိသားစုဝင်များတွင် ဝင်ငွေရှိသလား” စသည့် သင့်အချင်းချင်း အခြေအနေအရဆုံးဖြတ်ထားသော ငွေပမာဏကို ဖြတ်၍ ကျန်ရှိသောငွေပမာဏအပေါ်တွင် သတ်မှတ်ထားသော ဝင်ငွေခွန်နှုန်း (ရာခိုင်နှုန်း) ကို တွက်ချက်ပါသည်။ ဤ “သတ်မှတ်ငွေပမာဏကို ဖြတ်ခြင်း” ကို “ကောက်နှုတ်ခွင့်” (控除) ဟုခေါ်သည်။
အခွန်နှုတ်စလစ်ကိုဘယ်တော့ရရှိနိုင်မလဲ
နှစ်စဉ် ဒီဇင်ဘာလတွင် သင်လုပ်ကိုင်နေသည့် ကုမ္ပဏီမှ ပေးပါလိမ့်သည်။ သင်သည် နှစ်အလယ်ပိုင်းတွင် ကုမ္ပဏီမှ ထွက်ခွာခဲ့လျှင် ထွက်ခွာပြီးနောက် ၁ လအတွင်း ရရှိနိုင်ပါသည်။
- အခွန်နှုတ်စလစ်တွင်ရေးထားသောအဓိကအကြောင်းအရာ
(သင်၏နှစ်ပေါင်းဝင်ငွေ) ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ လစဉ်လစာနှင့် အချိန်ပိုလုပ်အားခ၊ ဆုကြေးငွေ၊ ရာထူးခံစားခွင့်စသည်တို့ကို စုစုပေါင်းတွက်ချက်ထားသော ပမာဏဖြစ်သည်။ သင်၏ “နှစ်ပေါင်းဝင်ငွေ” ဖြစ်သည်။ သွားလာမှုအတွက် ခရီးစရိတ်ကို မပါဝင်ပါ။
- လစာဝင်ငွေလျော့ချခြင်းအပြီး ပမာဏ(①)
(ပေးသွင်းငွေပမာဏ) မှ လစာဝင်ငွေလျော့ချချက်ပမာဏ (သင့်ဝင်ငွေအရ ပမာဏကွဲပြားပါသည်) ကို ဖြတ်ထားသော ပမာဏဖြစ်သည်။
- ဝင်ငွေလျော့ချမှု၏ စုစုပေါင်းပမာဏ(②)
သင့်ကိုယ်ရေးအခြေအနေအရ လျော့ချထားသော ငွေပမာဏစုစုပေါင်းဖြစ်သည်။ အထူးသဖြင့် လူမှုဖူလုံရေးရုံးပေးဆောင်ရမှု (ကျန်းမာရေးအာမခံ၊ အထက်တန်းလူမှုဖူလုံရေးအာမခံ၊ အလုပ်သမားဖူလုံရေးအာမခံ) လျော့ချချက်များ၊ အသက်အာမခံလျော့ချချက်၊ အိမ်ထောင်ဖက်လျော့ချချက်နှင့် မိဘပြုစုစောင့်ရှောက်မှုလျော့ချချက် (အသက် ၁၆ နှစ်အောက် ကလေးများစသည်) တို့ ပါဝင်သည်။
- အခွန်ဖြတ်ငွေပမာဏ
သင်ပေးဆောင်ခဲ့သော ဝင်ငွေခွန်ပမာဏဖြစ်သည်။ လစာဝင်ငွေလျော့ချမှုအပြီး ပမာဏ(①)မှ ဝင်ငွေလျော့ချမှုပမာဏ(②)ကို ဖြတ်တွက်ပြီး ကျန်ရှိသော “အခွန်ထမ်းရမည့်ဝင်ငွေပမာဏ” (အခွန်ထမ်းရမည့်သင်၏ဝင်ငွေ) အပေါ်တွင်၊ ထိုငွေပမာဏအရကွဲပြားသော ဝင်ငွေခွန်နှုန်းနှင့် လျော့ချငွေပမာဏကို အသုံးပြု၍ တွက်ချက်ပါသည်။
အခွန်ဖြတ်စလစ်လိုအပ်သည့်အခါ
အခွန်ပြန်ကောက်သည့်အခါအခွန်ဖြတ်စလစ်လိုအပ်ပါသည်။အခွန်ပြန်ကောက်သည်နှင့်ပက်သက်၍ဒီနေရာကိုကြည့်ပါ။
→<<https://social-b.net/baiyu/kokuzei0716jp/>>
- အလုပ်ပြောင်းသည့်အခါ
တနှစ်အတွင်းကုမ္ပဏီအသစ်တစ်ခုသို့ဝင်ရောက်သည့်ကာလအတွင်းသင့်ဝင်ငွေကိုအကြောင်းကြားရန်
အခွန်ဖြတ်စလစ်ကိုကုမ္ပဏီအသစ်သို့တင်သွင်းရန်လိုအပ်ပါသည်။
သတိထားမည့်အရာ
အခွန်နှုတ်လွှာတွင်သင့်အိမ်ထောင်ဖက်နှင့်သားသမီးများကဲ့သို့သင်ပံ့ပိုးပေးသည့်မှီခိုသူအမည်များနှင့်အရေအတွက်ပါဝင်သည်။မမှန်ကန်ပါကကုမ္ပဏီကိုအသိပေးပါ။
- အခွန်ဖြတ်စလစ်သည်သင်သည်ကုမ္ပဏီတွင်အလုပ်ခန့်အပ်ခြင်းခံရ၍အလုပ်လုပ်သောကြောင့်ဝင်ငွေရှိခဲ့သော်ရရှိရမည်ဖြစ်ပါသည်။အကယ်၍မရရှိခဲ့ပါကတောင်းဆိုရပါမည်။