Futaba International plaza ဆိုသည်မှာAbout us

Futaba international plazaသည်လူမျိုးမရွေးအသက်အရွယ်မရွေးယဉ်ကျေးမှုပေါင်းစုံလူ့
အဖွဲ့အစည်းတစ်ရပ်ကိုအကောင်အထည်ဖော်ပေးနိုင်ရန်နိုင်ငံသားများစုစည်းအသုံးပြုနိုင်သည့်အဆောက်အအုံတခုအဖြစ်ကိုဘေမြို့၏တွဲဖက်အဖွဲ့အစည်းတခုဖြစ်သည့်(Nagata ku,ယခုနောက်ပိုင်းတွင်စင်တာဟုရည်ညွန်းသောNagataရပ်ကွက်ကိုအထောက်အပံ့အဖြစ်
2019ခုနှစ်ဇွန်လတွင်တည်ထောင်ခဲ့သည်။

ဤပလာဇာအားစင်တာအတွက်ဖြည့်စွက်အသုံးအဆောင်အဖြစ်တည်ထောင်ထားပြီးသတ်
မှတ်ထားသောအကျိုးအမြတ်မယူသောအဖွဲ့အစည်းKFCမှစီမံခန့်ခွဲပြီး၎င်း၏အခြေခံခံယူချက်မှာဒေသခံအသိုက်အ၀န်းနှင့်အတူယှဉ်တွဲနေထိုင်နိုင်သောအခြေခံအဆောက်အဦးတခုဖြစ်ရန်ဖြစ်သည်။

ဤပလာဇာတွင်နိုင်ငံခြားသားများအတွက်ဂျပန်ဘာသာစကားသင်ကြားရေးပံ့ပိုးမှု၊ဂျပန်နိုင်ငံသို့ရောက်လာသောနိုင်ငံခြားသားများအတွက်ဘဝလမ်းညွှန်မှု၊ဂျပန်နှင့်နိုင်ငံခြားသားများအသိုင်းအဝိုင်းတွင်အတူတကွ‌နေထိုင်နိုင်ရန်အပြန်အလှန်နားလည်မှုနှင့်ပံ့ပိုးကူညီမှုများကိုဆောင်ရွက်ပေးပါသည်။
ပိုမိုကောင်းမွန်သောပတ်ဝန်းကျင်တခုဖန်တီးရန်ဂျပန်နှင့်နိုင်ငံခြားသားများအပြန်အလှန်ဖလှယ်ကြပြီးနိုင်ငံခြားသားများကိုပံ့ပိုးကူညီရန်လူ့စွမ်းအားအရင်းအမြစ်များကိုလေ့ကျင့်ပေးလျှက်ရှိပါသည်။

ကျွန်ုပ်တို့သည်‌ဒေသခံလူထုနှစ်သက်ပြီးလူများစွာအသုံးပြုနိုင်သည့်အဆောက်အအုံတခုဖြစ်လာရန်ရည်ရွယ်ပါသည်။

အသိပေးခြင်းNews & Topics


လုပ်ငန်းအသေးစိတ်Business contents

နိုင်ငံခြားသားနေထိုင်မှုဘဝလမ်းညွှန်​

ကျွန်ုပ်တို့သည်လတ်တလောမှကိုဘေမြို့သို့ပြောင်းရွေ့နေထိုင်လာကြသောနိုင်ငံခြားသားနေထိုင်သူများကိုအေးချမ်းစွာနေထိုင်နိုင်ရန်နေ့စဉ်ဘဝလမ်းညွှန်ချက်ပေးပါသည်။

ဥပမာ:အမှိုက်များစွန့်ပစ်ခြင်းဆိုင်ရာစည်းမျဉ်းများ၊ယာဉ်မောင်းလိုင်စင်များ၊အလုပ်အကိုင်အာမခံ၊အလုပ်သမားလျှော်ကြေးအာမခံ၊ဆေးဘက်ဆိုင်ရာစောင့်လျှောက်မှု၊ပင်စင်လစာ၊သဘာဝဘေးအန္တရာယ်ကာကွယ်‌ရေး၊ပညာရေးအစရှိသဖြင့်အမျိုးမျိုးသောအတိုင်ပင်ခံစင်တာများကိုမိတ်ဆက်ခြင်းနှင့်ပက်သက်သောအချက်အလက်များကိုပံ့ပိုးပေးခြင်း

ဂျပန်နှင့်နိုင်ငံခြားသားများအပြန်အလှန်နားလည်မှုဖလှယ်ရေးစီမံကိန်း​​

ကိုဘေမြို့တွင်နေထိုင်သောမြို့သားတဦးအနေဖြင့်မတူကွဲပြားသောယဉ်ကျေးမှုနောက်ခံရှိသောနေထိုင်သူများအကြားအပြန်အလှန်နားလည်မှုမြှင့်ရန်ဖလှယ်သောပရောဂျက်ကိုဆောင်ရွက်ပါမည်။

<ဖလှယ်・အပြန်အလှန်နားလည်မှုပရောဂျက်>

နယ်ပယ်အသီးသီးတွင်အလုပ်၊လက်ရေးလှနှင့်တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ခြင်းစသည့်ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံများ

<အပြန်အလှန်ဆက်သွယ်မှုနေရာများပံ့ပိုးပေးခြင်း>

ဂျပန်ဘာသာစကားလေ့လာခြင်းစသည်တို့အတွက်အသုံးပြုနိုင်သောwi-fi​ဖြင့်နေရာလွတ်များဖွင့်လှစ်ခြင်းနှင့်ကွန်ဖရင့်နေရာဌားရမ်းခြင်း

<လူသား・ရုပ်ရှင်ရုံတင်>

နိုင်ငံခြားသားများ၏မူရင်းနိုင်ငံများနှင့်အရင်းမြစ်များအကြောင်းရုပ်ရှင်များနှင့်မှတ်တမ်းရုပ်ရှင်များ

ဂျပန်စာစေတနာဝန်ထမ်းသင်တ​န်း

ဂျပန်စာလေ့လာလိုသောနိုင်ငံခြားသားဦးရေလျှင်မြန်စွာတိုးပွားလာစေရန်လုံလောက်သောပံ့ပိုးကူညီမှုပေးရန်စေတနာ့ဝန်ထမ်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကိုဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသားများနှင့်ဂျပန်ဘာသာစကားဆိုင်ရာအခြေခံဗဟုသုတများကိုစေတနာ့ဝန်ထမ်းသင်တန်းပို့ချပေးမည်ဖြစ်ပါသည်။

ယဉ်ကျေးမှုပေါင်းစုံမြှင့်တင်‌ရေးအဖွဲ့၊သင်တန်း(ဂျပန်တွင်နေထိုင်သောနိုင်ငံခြားသားဧည့်သည်ဆရာ)

ဤသင်တန်းသည်အလယ်အလတ်ဂျပန်အဆင့်(N2နှင့်အထက်ရှိသောဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံတကာကျောင်းသားများနှင့်အခြားနိုင်ငံခြားသားများအတွက်ရည်ရွယ်ပြီးကလေးစင်တာများနှင့်မူလတန်းကျောင်းများတွင်၎င်းတို့၏အရင်းခံနှင့်သင်ကြားရာတွင်လိုအပ်သည့်ဂျပန်စကားအသုံးအနှုံးများကိုသင်ကြားစေရန်ရည်ရွယ်ပါသည်။သင်ကြားပို့ချမှုများနှင့်အတန်းများပို့ချနိုင်စေရန်အတွက်ယဉ်ကျေးမှုဆိုင်ရာနည်းပြဆရာများပြုစုပျိုးထောင်ပေးမည့်သင်တန်းများကျင်းပမည်ဖြစ်ပါသည်။

ဂျပန်ဘာသာစကားသင်ယူမှုအထောက်အပံ့​

ကျွန်ုပ်တို့သည်နိုင်ငံခြားသားများအားအမှီအခိုကင်းပြီးဖူလုံလာစေရန်ဒေသခံပြည်သူများနှင့်ဆက်သွယ်ပြောဆိုပေးကာစိတ်အေးချမ်းသာစွာနေထိုင်နိုင်စေရန်အတွက်ရည်ရွယ်ချက်ဖြင့်ဂျပန်ဘာသာစကားသင်တန်းများဖွင့်လှစ်ပေးပါသည်။

ပြန်လည်နေရာချထားရေးမြန်မာဒုက္ခသည်များအတွက်ဂျပန်စာလေ့လာခြင်း・နေရာဖန်တီးပေးခြင်း​

၂၀၁၉နှစ်၃လပိုင်းတွင်ကိုဘေမြို့သို့ပြောင်းရွှေ့နေထိုင်လာသောမြန်မာဒုက္ခသည်များအားဂျပန်ဘာသာသင်ယူပြီးစိတ်အေးချမ်းစွာနေထိုင်နိုင်စေရန်ကျွန်ုပ်တို့မှပံ့ပိုးပေးမည်ဖြစ်ပါသည်။​​

တရုတ်ပြည်တွင်ကျန်ရစ်ပြီးအိမ်သို့ပြန်လာသောဂျပန်လူမျိုးများအတွက်ဂျပန်ဘာသာစကားသင်တန်းများနှင့်ဖလှယ်‌ရေးအစီအစဉ်များ

ကျွန်ုပ်တို့သည်နေ့စဉ်ဘဝပြဿနာများကိုလျှော့ချစေရန်၎င်းတို့နေထိုင်ရန်နေရာတခုဖန်တီးရန်ရည်ရွယ်၍တရုတ်နိုင်ငံတွင်ကျန်ရှိသည့်အသက်အရွယ်ကြီးရင့်သောဂျပန်ပြန်လာသူများအားဂျပန်ဘာသာစကားသင်တန်းများနှင့်ဖလှယ်ရေးအစီအစဉ်များကိုပံ့ပိုးကူညီပေးပါသည်။

တည်နေရာ・ဆက်သွယ်ရန်အချက်အလက်Address・Contact

Futaba Gakusha(ကိုဘေမြို့ဒေသဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ပံ့ပိုးရေးဌာန)
စာတိုက်-653-0042
Hyogo Ken,Kobe,Nagata ku,Futaba Cho 7-1-18

ဆက်သွယ်ရန်
TEL:078-747-0280
FAX:078-747-0290​
Email:fic@tbz.t-com.ne.jp
ရုံးဖွင့်ချိန်

ဗုဒ္ဓဟူး~စနေ ၁၀:၀၀-၂၀:၀၀
အင်္ဂါ,တနင်္ဂနွေ၊ပိတ်ရက် ၁၀း၀၀-၁၇း၀၀

ရုံးပိတ်ရက် : တနင်္လာ၊နှစ်ကုန်နှင့်နှစ်သစ်ကူးပိတ်ရက်
(တနင်္လာနေ့သည်ရုံးပိတ်ရက်ဖြစ်ပါကဖွင့်ပြီးနောက်အပတ်အင်္ဂါနေ့တွင်ပိတ်သည်)

လမ်းညွှန်

JR・မြေအောက်ရထား seishin yamate line/မြေအောက်ရထားshinnagata ဘူတာမှတောင်ဘက်သို့
၁၃မိနစ်ခန့်လမ်းလျှောက်

မြေအောက်ရထားkaigansenkomagabayashiဘူတာထွက်ပေါက်၁မှအနောက်ဘက်သို့၆မိနစ်ခန့်လမ်းလျှောက်

စုံစမ်းရန်Contact